(unicode)
Moana (2016) မြန်မာစာတန်းထိုး
===========================================
မကြာခင်ကမှ ထွက်ရှိ ထားတဲ့ စိတ်ကူးယဉ်စွန့်စားခန်း Animation ဇာတ်ကားလေး ဖြစ်တဲ့
Moanaကားလေး အကြောင်း ညွှန်း ပေးလိုက်ပါတယ်။
Disney ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ ၅၆ ခု မြောက် Animationဇာတ်ကား အဖြစ်
နိုဝင်ဘာ ၂၃ ရက်ကမှ ထွက်ရှိထားတာပါ။
#တီဖီတီ ဟာ ကျွန်းကို စောင့် ရှောက်တဲ့ နတ်သမီးတစ်ပါးဖြစ်ပြီး
ကျွန်းတွေ၊ အသက်ဝိညာဉ်တွေ စတဲ့ အရာအားလုံးကို ဖန်ဆင်း ထားသူဖြစ်ပါတယ်။
#တီဖီတီ ရဲ့ နှလုံးသားဟာ ကျောက်စိမ်းတုံး လေးတစ်ခုအနေနဲ့ရှိပြီး
အသက် ဝိညာဉ်တွေ ဖန်ဆင်းရာမှာ အသုံး ပြုနိုင်ပါတယ်။ အဲဒါကို လူသား နတ်ဘုရားဖြစ်တဲ့
#မာဝီ က သူ့ရဲ့ စွမ်းအားတွေ၊ ဝိညာဉ်တွေ မြှင့် တင်ဖို့နဲ့ မှော်ငါးမျှားချိတ်ကြီး ဖန် တီးဖို့
အသုံးပြုခဲ့ပြီး မီးတောင် ချော်ရည်မိစ္ဆာကောင်ကြီး #တီခါ နဲ့ ဆုံပြီးတဲ့နောက်
တီဖီတီရဲ့ နှလုံးသားရော၊ မှော်ငါးမျှားချိတ်ကြီး ရော သမုဒ္ဒရာထဲမှာ ပျောက်ဆုံး သွားခဲ့ပါတယ်။
ထောင်စုနှစ် တစ်ခုကြာအ ပြီးမှာတော့ #တီဖီတီ ဖန်ဆင်းထား တဲ့ မိုတန်နူဝီ
ကျွန်းသူကြီး တွီရဲ့ အမေ တာလာဟာ သူ့မြေး #မိုအာနာ အပါအဝင်
ကျွန်းပေါ်က ကလေးတွေကို ကျွန်းနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေကို ပုံပြင်ပြောပြလေ့ ရှိပါတယ်။
တီဖီတီရဲ့ နှလုံးသားဖြစ်တဲ့ ကျောက်စိမ်းတုံးလေး ပျောက်ဆုံးနေတဲ့အတွက်
ကျွန်းမှာ အန္တရာယ်တွေကျရောက်နိုင်တယ်လို့ တာလာက မကြာခဏ သတိပေးခဲ့ပါတယ်။
တစ်ရက်မှာ မိုအာနာဟာ ကမ်း တင်နေတဲ့ လိပ်လေးတစ်ကောင် ကို
တွေ့ခဲ့ပြီး စင်ရော်တွေဝိုင်းနေ တာကြောင့် ရေထဲပြန်မဆင်းရဲ ဖြစ်နေတာကို
မိုအာနာကယ်ဆယ်ခဲ့ တာကို သမုဒ္ဒရာကြီးက အသိအ မှတ်ပြုတဲ့အနေနဲ့ တီဖီတီရဲ့ နှလုံး သားကို ပေးခဲ့ပါတယ်။
မိုအာနာ့လက်ထဲက ကျောက် စိမ်းတုံးကို သူ့အဖေက
သိမ်းသွား ခဲ့ပါတယ်။ ဒါပေမဲ့လည်း မိုအာနာရဲ့ အဘွားတာလာက ယူခဲ့ပြီး
အဲဒီ အရာဟာ ကျွန်းသခင်မတီဖီတီရဲ့ ပျောက်ဆုံးနေတဲ့ နှလုံးသားဖြစ် တယ်လို
့ မိုအာနာကိုပြောပြခဲ့ပါတယ်။ နောက်တော့ မိုအာနာတို့ကျွန်းမှာ အုန်းပင်တွေပျက်စီး၊
ငါးတွေဖမ်း မမိနဲ့ တစ်ကျွန်းလုံး ဒုက္ခရောက် နေတာမို့ ကျွန်းကိုကျော်ပြီး အစာ ရှာထွက်ဖို
့ မိုအာနာစိတ်ကူးခဲ့ပေမယ့် ဒေါသကြီး၊ စည်းကမ်းကြီးတဲ့ သူ့ အဖေက လက်မခံခဲ့ပါဘူး။
နောက်တော့ မရတော့တဲ့အ ဆုံး မိုအာနာဟာ သူ့အချစ်တော် ဝက် ပေါက်လေး ပူးဝါးကိုခေါ်ပြီး
သူ့အဘွားတာလာညွှန်ကြားတဲ့အတိုင်း လူသားနတ်ဘုရား
မာဝီကိုရှာဖို့ သမုဒ္ဒရာထဲကို ထွက်သွားခဲ့ပါတော့တယ်။ လမ်းခရီးမှာ မုန် တိုင်းမိပြီး
တခြားကျွန်းတစ်ကျွန်း ကို ရောက်သွားခဲ့ကာ အဲဒီမှာ မာဝီနဲ့ တွေ့ခဲ့ပါတယ်။
အဲဒီအခါမှာ မိုအာနာက တီဖီတီရဲ့ နှလုံးကို နေရာ မှန်မှာ
ထိန်းသိမ်းနိုင်မှ တစ်ကျွန်း လုံးအန္တရာယ်ကင်းမှာမို့
မာဝီကူညီမှဖြစ်မယ့်အကြောင်း ပြောပြခဲ့ ပါတယ်။
အဲဒီမှာလည်း တီဖီတီရဲ့ နှလုံးသားကိုလုမယ့် ပင်လယ်ဓားပြ အဖွဲ့နဲ့လည်း
ရင်ဆိုင်ခဲ့ကြရပြန်ပါ တယ်။ စွမ်းအားကြီးတဲ့ မာဝီဟာ ငှက်အသွင်လည်းပြောင်းလို့ရပြီး
သူ့ရဲ့မှော်ငါးမျှားချိတ်ကြီး ပျောက်ဆုံးနေတဲ့အတွက်
မိုအာနာကူရှာပေး ခဲ့ပြီး အတူတိုက်ပွဲဝင်ခဲ့ကြတော့ တယ်။
မိုအာနာတစ်ယောက် မာဝီနဲ့ အတူ သူတို့ကျွန်းမှာ ရောက်နေ တဲ့
မကောင်းဆိုးဝါးတွေကို ဘယ် လိုနှိမ်နင်းမှာလဲ။ နတ်ဘုရားမ တီဖီတီရဲ့
နှလုံးသားကိုကော မူလနေရာရောက်အောင် ပြန်ထားခွင့်ရမှာလားဆိုတာတော့
ကိုယ်တိုင်ပဲ ဆက်ကြည့်လိုက်ဦးနော်.........
အထူးပြုလုပ်ချက်တွေကောင်းလွန်တဲ့ Animation ဇာတ်ကားမို့ ကလေး၊
လူကြီး မရွေး သဘောကျမှာ သေချာသလောက်ပါပဲ။
အသံသရုပ်ဆောင်ထားသူတွေက မိုအာနာအဖြစ် အော်လီအိုင်ခရက်ဗယ်ဟို၊
မာဝီအဖြစ် ဒွိန်းဂျွန်ဆင်၊ တာလာအဖြစ် ရေချယ်ဟောက်စ် စသူတွေပဲ ဖြစ်ပါတယ်။
ဘာသာပြန်သူကတော့ Yoon Shwe Yee Shein ဖြစ်ပါတယ်ဗျ )
(ဇာတ်လမ်းအညွှန်းကိုတော့ Movie Bank Page မှကူးယူဖော်ပြတာဖြစ်ပါတယ်)
Quality သိပ်မဆိုးလှတာမို့ DVD Scr 720p Version ကိုတင်ဆက်ပေးလိုက်ပါတယ်ဗျ



Credit


File size - 527MB
ဒီမှာဒေါင်းပါ-https://mm1ink.info/e1ZMD








မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1






(zawgyi)
Moana (2016) ျမန္မာစာတန္းထိုး
===========================================
မၾကာခင္ကမွ ထြက္ရွိ ထားတဲ့ စိတ္ကူးယဥ္စြန႔္စားခန္း Animation ဇာတ္ကားေလး ျဖစ္တဲ့
Moanaကားေလး အေၾကာင္း ၫႊန္း ေပးလိုက္ပါတယ္။
Disney ႐ုပ္ရွင္ ထုတ္လုပ္ေရးရဲ႕ ၅၆ ခု ေျမာက္ Animationဇာတ္ကား အျဖစ္
နိုဝင္ဘာ ၂၃ ရက္ကမွ ထြက္ရွိထားတာပါ။
#တီဖီတီ ဟာ ကြၽန္းကို ေစာင့္ ေရွာက္တဲ့ နတ္သမီးတစ္ပါးျဖစ္ၿပီး
ကြၽန္းေတြ၊ အသက္ဝိညာဥ္ေတြ စတဲ့ အရာအားလုံးကို ဖန္ဆင္း ထားသူျဖစ္ပါတယ္။
#တီဖီတီ ရဲ႕ ႏွလုံးသားဟာ ေက်ာက္စိမ္းတုံး ေလးတစ္ခုအေနနဲ႕ရွိၿပီး
အသက္ ဝိညာဥ္ေတြ ဖန္ဆင္းရာမွာ အသုံး ျပဳနိုင္ပါတယ္။ အဲဒါကို လူသား နတ္ဘုရားျဖစ္တဲ့
#မာဝီ က သူ႕ရဲ႕ စြမ္းအားေတြ၊ ဝိညာဥ္ေတြ ျမႇင့္ တင္ဖို႔နဲ႕ ေမွာ္ငါးမွ်ားခ်ိတ္ႀကီး ဖန္ တီးဖို႔
အသုံးျပဳခဲ့ၿပီး မီးေတာင္ ေခ်ာ္ရည္မိစာၦေကာင္ႀကီး #တီခါ နဲ႕ ဆုံၿပီးတဲ့ေနာက္
တီဖီတီရဲ႕ ႏွလုံးသားေရာ၊ ေမွာ္ငါးမွ်ားခ်ိတ္ႀကီး ေရာ သမုဒၵရာထဲမွာ ေပ်ာက္ဆုံး သြားခဲ့ပါတယ္။
ေထာင္စုႏွစ္ တစ္ခုၾကာအ ၿပီးမွာေတာ့ #တီဖီတီ ဖန္ဆင္းထား တဲ့ မိုတန္ႏူဝီ
ကြၽန္းသူႀကီး တြီရဲ႕ အေမ တာလာဟာ သူ႕ေျမး #မိုအာနာ အပါအဝင္
ကြၽန္းေပၚက ကေလးေတြကို ကြၽန္းနဲ႕ပတ္သက္တဲ့ ဒ႑ာရီေတြကို ပုံျပင္ေျပာျပေလ့ ရွိပါတယ္။
တီဖီတီရဲ႕ ႏွလုံးသားျဖစ္တဲ့ ေက်ာက္စိမ္းတုံးေလး ေပ်ာက္ဆုံးေနတဲ့အတြက္
ကြၽန္းမွာ အႏၲရာယ္ေတြက်ေရာက္နိုင္တယ္လို႔ တာလာက မၾကာခဏ သတိေပးခဲ့ပါတယ္။
တစ္ရက္မွာ မိုအာနာဟာ ကမ္း တင္ေနတဲ့ လိပ္ေလးတစ္ေကာင္ ကို
ေတြ႕ခဲ့ၿပီး စင္ေရာ္ေတြဝိုင္းေန တာေၾကာင့္ ေရထဲျပန္မဆင္းရဲ ျဖစ္ေနတာကို
မိုအာနာကယ္ဆယ္ခဲ့ တာကို သမုဒၵရာႀကီးက အသိအ မွတ္ျပဳတဲ့အေနနဲ႕ တီဖီတီရဲ႕ ႏွလုံး သားကို ေပးခဲ့ပါတယ္။
မိုအာနာ့လက္ထဲက ေက်ာက္ စိမ္းတုံးကို သူ႕အေဖက
သိမ္းသြား ခဲ့ပါတယ္။ ဒါေပမဲ့လည္း မိုအာနာရဲ႕ အဘြားတာလာက ယူခဲ့ၿပီး
အဲဒီ အရာဟာ ကြၽန္းသခင္မတီဖီတီရဲ႕ ေပ်ာက္ဆုံးေနတဲ့ ႏွလုံးသားျဖစ္ တယ္လို
့ မိုအာနာကိုေျပာျပခဲ့ပါတယ္။ ေနာက္ေတာ့ မိုအာနာတို႔ကြၽန္းမွာ အုန္းပင္ေတြပ်က္စီး၊
ငါးေတြဖမ္း မမိနဲ႕ တစ္ကြၽန္းလုံး ဒုကၡေရာက္ ေနတာမို႔ ကြၽန္းကိုေက်ာ္ၿပီး အစာ ရွာထြက္ဖို
့ မိုအာနာစိတ္ကူးခဲ့ေပမယ့္ ေဒါသႀကီး၊ စည္းကမ္းႀကီးတဲ့ သူ႕ အေဖက လက္မခံခဲ့ပါဘူး။
ေနာက္ေတာ့ မရေတာ့တဲ့အ ဆုံး မိုအာနာဟာ သူ႕အခ်စ္ေတာ္ ဝက္ ေပါက္ေလး ပူးဝါးကိုေခၚၿပီး
သူ႕အဘြားတာလာၫႊန္ၾကားတဲ့အတိုင္း လူသားနတ္ဘုရား
မာဝီကိုရွာဖို႔ သမုဒၵရာထဲကို ထြက္သြားခဲ့ပါေတာ့တယ္။ လမ္းခရီးမွာ မုန္ တိုင္းမိၿပီး
တျခားကြၽန္းတစ္ကြၽန္း ကို ေရာက္သြားခဲ့ကာ အဲဒီမွာ မာဝီနဲ႕ ေတြ႕ခဲ့ပါတယ္။
အဲဒီအခါမွာ မိုအာနာက တီဖီတီရဲ႕ ႏွလုံးကို ေနရာ မွန္မွာ
ထိန္းသိမ္းနိုင္မွ တစ္ကြၽန္း လုံးအႏၲရာယ္ကင္းမွာမို႔
မာဝီကူညီမွျဖစ္မယ့္အေၾကာင္း ေျပာျပခဲ့ ပါတယ္။
အဲဒီမွာလည္း တီဖီတီရဲ႕ ႏွလုံးသားကိုလုမယ့္ ပင္လယ္ဓားျပ အဖြဲ႕နဲ႕လည္း
ရင္ဆိုင္ခဲ့ၾကရျပန္ပါ တယ္။ စြမ္းအားႀကီးတဲ့ မာဝီဟာ ငွက္အသြင္လည္းေျပာင္းလို႔ရၿပီး
သူ႕ရဲ႕ေမွာ္ငါးမွ်ားခ်ိတ္ႀကီး ေပ်ာက္ဆုံးေနတဲ့အတြက္
မိုအာနာကူရွာေပး ခဲ့ၿပီး အတူတိုက္ပြဲဝင္ခဲ့ၾကေတာ့ တယ္။
မိုအာနာတစ္ေယာက္ မာဝီနဲ႕ အတူ သူတို႔ကြၽန္းမွာ ေရာက္ေန တဲ့
မေကာင္းဆိုးဝါးေတြကို ဘယ္ လိုႏွိမ္နင္းမွာလဲ။ နတ္ဘုရားမ တီဖီတီရဲ႕
ႏွလုံးသားကိုေကာ မူလေနရာေရာက္ေအာင္ ျပန္ထားခြင့္ရမွာလားဆိုတာေတာ့
ကိုယ္တိုင္ပဲ ဆက္ၾကည့္လိုက္ဦးေနာ္.........
အထူးျပဳလုပ္ခ်က္ေတြေကာင္းလြန္တဲ့ Animation ဇာတ္ကားမို႔ ကေလး၊
လူႀကီး မေ႐ြး သေဘာက်မွာ ေသခ်ာသေလာက္ပါပဲ။
အသံသ႐ုပ္ေဆာင္ထားသူေတြက မိုအာနာအျဖစ္ ေအာ္လီအိုင္ခရက္ဗယ္ဟို၊
မာဝီအျဖစ္ ဒြိန္းဂြၽန္ဆင္၊ တာလာအျဖစ္ ေရခ်ယ္ေဟာက္စ္ စသူေတြပဲ ျဖစ္ပါတယ္။
ဘာသာျပန္သူကေတာ့ Yoon Shwe Yee Shein ျဖစ္ပါတယ္ဗ် )
(ဇာတ္လမ္းအၫႊန္းကိုေတာ့ Movie Bank Page မွကူးယူေဖာ္ျပတာျဖစ္ပါတယ္)
Quality သိပ္မဆိုးလွတာမို႔ DVD Scr 720p Version ကိုတင္ဆက္ေပးလိုက္ပါတယ္ဗ်



Credit


File size - 527MB
ဒီမွာေဒါင္းပါ-https://mm1ink.info/e1ZMD








မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1