Then_Came_You_(2018)
(unicode)
#Then_Came_You_(2018)
====================
#Then_Came_You_(2018)
====================
ဘဝဆိုတာ ရှင်သန်ခြင်းပါ။ အသက်ရှုနေရုံ နှလုံးခုန်နေရုံနဲ့တော့ ရှင်သန်တယ်လို့မဆိုနိုင်ပါဘူး။
အချိန်ဘယ်လောက်ကြာကြာရှင်သန်နေရမယ်ဆိုတာလည်း အရေးမကြီးပါဘူး။
ဘယ်လိုရှင်သန်နေထိုင်ရလဲဆိုတာက အရေးကြီးတာပါ။
ဒီ Then came you (2018) ဇာတ်ကားလေးမှာတော့ အသက်ရှုနေရုံရှင်သန်နေတဲ့ ကယ်ဗင်ဆိုတဲ့ ကောင်လေးရဲ့ ဘဝထဲကို စကိုက်ဆိုတဲ့ ဘဝရဲ့နေဝင်ချိန်ကို ရောက်ရှိတော့မယ့်
ကင်ဆာဝေဒနာသည်ကောင်မလေး တစ်ယောက် ဝုန်းကနဲဆိုသလို ဝင်ရောက်လာချိန်မှာ ကယ်ဗင်တစ်ယောက် သူ့ဘဝကို ဘယ်လိုရှင်သန်ရမယ်ဆိုတာကို နားလည်လာပြီး
စကိုက်ရဲ့ ဘဝ နောက်ဆုံးအချိန်တွေကို ဘယ်လို အဓိပ္ပါယ်ရှိအောင် ကူညီလိုက်မယ်ဆိုတာကို ဟာသလည်းမြောက် ကရုဏာရသလည်းပေါ်အောင် ရိုက်ကူးထားပါတယ်။
ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 6.9 ထိရရှိထားပြီး ရယ်ရဟားရသလို ဖီးလို့လည်းကောင်းမယ့်ဇာတ်ကားလေးပါ။
Cast တွေကလည်း နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ Asa Butterfield နဲ့
ကိုကိုတို့အတွက်လည်း မင်းသမီး အလန်းလေးနှစ်လက်ဖြစ်တဲ့ Game of Thrones ဇာတ်ကားက မျက်နှာမဲ့လုပ်ကြံသတ်ဖြတ်ရေးသမားမလေး Maisie Williams နဲ့
Vampire Dairies ထဲက မင်းသမီးချော Nina Dobrev တို့ပါဝင်သရုပ်ဆောင်ထားတာပါ။
ကြည့်ရတာ တကယ်တန်မယ့်ကားလေးလို့ အာမခံနိုင်ပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ)
Translated by May Tharaphi Lwin
Credit
မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
(zawgyi)
#Then_Came_You_(2018)
====================
#Then_Came_You_(2018)
====================
Credit
👇👇👇👇👇
👇👇👇👇👇


