Manikarnika
(unicode)
Manikarnika ( သို့မဟုတ် )စစ်ပွဲတို့၏ သခင်မ
============================
Manikarnika ( သို့မဟုတ် )စစ်ပွဲတို့၏ သခင်မ
============================
” ကျောထက်မှာ သားကို ပိုးလို့ ၊ လက်ဖဝါးမှာလည်း ဓားကို ဆုပ်လို့ “ဤမြင်ကွင်းသည် မြင်နေကြ ရှုခင်းမဟုတ်။ လှပစွာ စုက်ချက်ထွင်းထားသည့်ပန်းချီကား ဟုလည်း မဆိုနိုင်။ သို့ပင် နှစ်လိုဖွယ် ကောင်းလှသည်။ဤသည်ကားတိုက်ခိုက်ရေး အသွင်မှ ထင်းလင်းလာသည့် ပုံရိပ်ဖြစ်သည်။
ထိုအချိန်ဝယ် ရှိရင်းစွဲ စန္ဒကူး ရနံ့ တို့လည်း သင်းပျံ့မည် မထင်။ရဲရဲစွေး ပေကျံနေသော သွေးညီနံ့ တလိမ်းလိမ်း ဖြင့်သာ ထုံလွှမ်းနေပေလိမ့်မည်။သူမ၏ ကျောထက်မှ သား သည်တိုင်းပြည် ၏ အသက် ဖြစ်သည်။သူမ လက်ဖဝါးတို့သည် နူးညံ့စွာ တည်ရှိရမည့်အစား ရဲရင့်လှသည်။
ထို့နှင့် သွေးကြော အမျှင် တန်းတို့ သည်လည်း အညံ့မခံလိုသော စိတ်တို့ ကို လစ်ဟနေသည်။ထိုအချိန်တွင် တိုင်းသူ့ပြည်သား တို့သည် သူမအတွက် အသက်ပင် စွန့်ပစ်ရပါစေ။ပေးဆပ်ဖို့ အသင့်ဖြစ်နေကြလေပြီ။သူမကား အခြားသူမဟုတ်။
လက်ရုံးရည် နှလုံးရည် ပြည့်ဝလှသောမိန်းမကောင်း မိန်းမမြတ် စာရင်းဝင် ” လက်ရှ်မီးဘိုင် “ပင်ဖြစ်တော့သည်။သူမ သည် မနူး သို့မဟုတ် မနီကာ နီကာငယ်နာမည်ဖြင့် စတင် ခဲ့ပြီး မိဖုရားအဖြစ်သို့ ရောက်ရှိချိန်မှ” လက်ရှ်မီးဘိုင် ” ဟုအမည်တွင်လာခဲ့သည်။သူမသည် ငယ်စဉ်ကတည်းက ဓားရေးပညာတို့နှင့် ထိတွေ့မှုရှိပြီး ရဲဝံ့မှုကလည်းအခြားသူတို့ထက် သာလွန်သည်။သူမသည် လက်ရုံးရည် လည်း ပြည့်ဝသလို နှလုံးရည် လည်း မွန်မြတ်သည်။မေတ္တာ တရားလည်း ပြည့်ဝသလိုမတရားမှုတွေနဲ့ ကြုံ လာရင်လည်း ဓားရေးက သွက်လှသည်။ထို့ကြောင့် နယ်ချဲ့ တို့အား ဦးခေါင်းမညွှတ်။အညံ့မခံဘဲ သူမ တော်လှန်လာခဲ့သည်။သူမ သည် ဂျန်စီးပြည်နယ် ၏ အသက်ပင် ဖြစ်သည်။သူမသည် လွတ်လပ်မှု၏ မီးပွားလေး တစ်ခုဖြစ်ပြီး ပြည်သူတို့၏ လွတ်လပ်လိုစိတ်ကိုမီးညှိ ပေးခဲ့သူဖြစ်သည်။
” ရှင်သန်သည် ဖြစ်စေ သေဆုံးသွားသည် ဖြစ်စေ အောင်မြင်မှုက ငါတို့ပဲ ပိုင်တယ် “သူမဟာ ဒီလို စကားမျိုးကို တွင်တွင်ပြောခဲ့ပြီး သေဆုံးသွားသည်တိုင် အညံ့မခံခဲ့။
အားလုံးကို သူမ မမက်မောခဲ့။ လွတ်လပ်မှုကို သာ တောင့်တခဲ့တယ်။ ဒါဟာ ရာဇဝင် မှာ စာတွင်စေခဲ့တဲ့ အကြောင်းရင်းပါပဲ။
ဇာတ်လမ်းအကျဉ်း
————-
————-
အချိန်ကာလကား 1828 ခုနှစ်။အိန္ဒိယ တစ်နိုင်ငံလုံးနီးပါးလည်း ဗြိတိသျှ တို့ ကြီးစိုးနေချိန် ဖြစ်သည်။ ဂျန်စီးပြည်နယ် မှာလည်း ဗြိတိသျှ တို့ တရိပ်ရိပ် ချဉ်းနင်းလာခဲ့ချိန် ဖြစ်သည်။ထိုအချိန်ဝယ် ဗာရာနာဆီ ပြည်နယ် ၏ တစ်ထောင့် တစ်နေရာမှာတော့ ကလေးမလေး တစ်ယောက် မွေးဖွားလာခဲ့သည်။
သူမ ကား ” မနီကာ နီကာ ” ပါပဲ။သူမ ဟာ အနာဂတ်ရဲ့ ကြယ် ဆိုလည်းမှားနိုင်မည် မထင်။တစ်နေ့မှာတော့ သူမဟာ ဂျန်စီး ဘုရင် နှင့် လက်ဆက်လိုက်ရသည်။နန်းဓလေ့ တွေ ရိုးရာတွေ အရ မီးဖိုချောင်ဝယ် အချိန် ကုန်ဆုံး ရမည့် အစားသူမဟာ ယဉ်ကျေးမှု ကို ဖောက်ထွက်လာခဲ့သည်။ ဉာဏ်ပညာရည် ရွှင်သော သူမအဖို့တော့
ထုံးတမ်းစဉ်လာ တစ်ချို့က ဘောင်မဝင်ခဲ့။
ထုံးတမ်းစဉ်လာ တစ်ချို့က ဘောင်မဝင်ခဲ့။
တဇွတ်ထိုး နိုင်လှပေမယ့် အချက်အလက်ကျသည်။ အတွေးအခေါ် ပိုင်နိုင်သည်။နယ်ချဲ့ တို့ အားလည်း ဦးမညွှတ် ။ ခြေလှမ်း ရှေ့တိုး၍သာ မျက်လုံးချင်းဆိုင် ပြောသည်။ နယ်ချဲ့ တို့်၏ မတရားမှု တွေ့ရင်လည်းပြည်သူ့ဖက်မှ မားမားရပ်တည်ပေးသည်။
ထို့ကြောင့် ချစ်တဲ့ သူများ သလို မနာလို သူများလည်း ပေါလှသည်။ထိုအချိန်ဝယ် ဗြိတိသျှ တို့သည် ဂျန်စီးပြည်နယ် ကို အပိုင်သိမ်းနိုင်ရန် ကြိုးစားနေကြချိန်ဖြစ်သည်။အနု နည်းဖြင့် ပြုံးနေသော်လည်း အတွင်းလူသစ္စာဖောက်တို့ဖြင့်ကြံရွယ်နေကြသည်။တစ်ဖက်မှာလည်း လက်ရှ်မီးဘိုင် ဟာ ရင်သွေး လေးကို လွယ်ထားရချိန် ဖြစ်သည်။
ထိုရင်သွေး သည် ယောကျ်ား ဖြစ်ပါက ဂျန်စီး ပြည်နယ် သည် မင်းလောင်း အသင့် ရမည်ဖြစ်သည်။ထို့ကြောင့်လည်း နန်းလုလိုသူ ဖက်မှလည်း အလွန်အမင်း စိုးရိမ်နေကြချိန်ဖြစ်သည်။ထိုသို့ဖြင့် လက်ရှ်မီးဘိုင် မွေးဖွားသန့်စင်လိုက်သော ရင်သွေးမှာ ယောကျ်ားလေး
ဖြစ်လာခဲ့သောအခါ ——။

ဤသို့ဖြင့် ဘာတွေ ဖြစ်လာကြပါမည်နည်း ။
မိမိအမြင်
——-
Manikarnika ဇာတ်လမ်းမျိုးက ဇာတ်ရှိန် တရိပ်ရိပ် တက်သော အပင်ဖြစ်ပါတယ်။အတ္ထုပ္ပတ္တိ တစ်ခုလို့သာ ပြောသော်လည်းတင်ဆက်ပုံ ကောင်းမွန်မှုက မပျင်းမရိရအောင်ပါပဲ။ မနူး ဘဝကနေ လက်ရှ်မီးဘိုင်ဘဝ ရောက်ရပုံ ၊ လက်ရှ်မီးဘိုင် ဘဝ ရောက်သော်လည်း ပြည်သူတွေကို ဆက်ဆံပုံတွေက ကြည်နူးဖို့ကောင်းပါတယ်။တစ်ဖက်မှာ လည်း ဗြိတိသျှ တွေကို ခက်ထန်ပုံ ၊ သတိ္တ သွေးရဲရဲ နီပုံက ကျောချမ်းစရာပါပဲ။

မိန်းကလေးဆိုသော်လည်း ယောကျ်ားတို့ထက် သာလွန်သော သဘောတရား ကို သရုပ်ဆောင်ပိုင်နိုင်စွာ ပြသနိုင်ခဲ့ပါတယ်။မင်းသမီး ဟာ ရုပ်မဆိုးသော မချောလွန်းလှသော အလယ်အလတ်မို့ လက်ရှ်မီးဘိုင် နေရာ နဲ့ အတော်လိုက်ဖက်တယ် လို့ မြင်မိပါတယ်။ရက်စက်တန်သည့်ချိန်တွင် ရက်စက်သည့်ပုံ / နူးညံ့စွာ ပြုံးသည့်အချိန်တွင်လည်း လှပစွာ ပြုံးနေနိုင်ပုံက ဇာတ်ရဲ့ အပြောင်းအလဲ ကို ကြွစေပါတယ်။ဒီလို ဇာတ်ရှိန်မကျစေဖို့ ကင်မရာရဲ့ အထောက်အပံ့ က လည်း လှနေပါတယ်။
လက်ရှ်မီးဘိုင် လမ်းလျှောက် လာပုံကအစရဲဝံ့ နိုင်မှု ၊ မိမိယုံကြည်မှုရှိမှုကို ကင်မရာသမားက အမိအရ ရိုက်နိုင်ခဲ့ပါတယ်။ ဗြိတိသျှ အလံကို ဓားနဲ့ ခုတ်ရှစေခဲ့တဲ့အခါ လက်ရှ်မီးဘိုင် ရဲ့ မျက်ဝန်းကို အလံအကွဲကြားကနေ တွေ့ရမှုဟာ တော်တော် လေးကောင်းလှပါတယ်။နောက်တစ်ခုက ဒီဇိုင်းနာ တွေပါ။
အဆင်အယင်တိုင်းဟာ ခမ်းနားပြီး နောက်ခံတေးသံတွေကလည်းအချိန်ကိုက်လှပါတယ်။ ကြိုးစားပြီး ရိုက်ကူးတာကိုတော့ ငြင်းဖွယ်ရာ မရှိတော့ပါ။
ညွှန်းဆိုချက်
———
———
ဒီဇာတ်ကားဟာ မိန်းကလေးတစ်ယောက် အကြောင်း ဆိုပေမယ့် ရဲဝံ့တဲ့ မိန်းမသား အကြောင်းပါ။ လိင် ကွဲပြားမှု ကြောင့်
မိန်းမသားတို့သည် သတိ္တရေးရာတွင် နိမမ့မကျကြောင်း လက်ရုံးရည် နှလုံးရည်တွင်လည်း ယှဉ်နိုင်ကြောင်း ပြောပြနေတဲ့ ကားပါ။ယောကျ်ား လေးဖြစ်တဲ့ ကျွန်တော့်အဖို့တောင် ကြွေရတဲ့ကားဖို့ မိန်းကလေး များပိုကြည့်သင့်တယ်လို့ ညွှန်းချင်ပါတယ်။မြန်မာ့သမိုင်းမှာလည်း ရှင်စောပု ရှိခဲ့သလို နယ်ချဲ့ကို ခွန်းတုံ့ပြန် ခဲ့တဲ့ စုဖရားလတ်လည်း ရှိခဲ့ဖူးပါတယ်။ မိန်းကလေးတွေဟာ မီးဖိုချောင် ရဲ့ သခင်အဖြစ်နဲ့ပဲ မွေးဖွားလာတာမဟုတ်ပါဘူး။

စစ်ပွဲတို့၏ သခင်မအဖြစ်နဲ့လည်း မွေးဖွားလာခဲ့တာပါ။ဒါ့ကြောင့် ” လက်ရှ်မီးဘိုင် ” ဇာတ်ကား ကြည့်လို့ ဘာမှ မကြိုက်ခဲ့ရင်တောင်မှ ဗြိတိသျှ တွေ တုန်လှုပ်ခဲ့ရဖူးသော သူထဲမှာ မိန်းကလေး ပါဖူးကြောင်း သတိရပါဟု ဆိုရင်း။
Review Credit : :လင်းခယံ
(ဒီဇာတ်ကားဟာ နန်းတွင်းကားဖြစ်တာနဲ့အညီ စကားလုံးတွေမြင့်ပါတယ်၊ ထွက်လာသမျှအင်္ဂလိပ်စာဖိုင်တွေက လိုတိုရှင်းပဲပါနေလို့အတတ်နိုင်ဆုံး နားထောင်ပြီးမှန်အောင် ဘာသာပြန်ပေးထားပါတယ်
လိုအပ်ချက်များရှိပါက သည်းခံပေးကြပါကုန်)
လိုအပ်ချက်များရှိပါက သည်းခံပေးကြပါကုန်)
ကိုဇော်ထူးမှ ဘာသာပြန် တင်ဆက်ပေးထားပါတယ်
Translated by Zaw Htoo
Encoded by Thit San Khant
Encoded by Thit San Khant
Credit
(zawgyi)
Manikarnika ( သို႔မဟုတ္ )စစ္ပြဲတို႔၏ သခင္မ
============================
Manikarnika ( သို႔မဟုတ္ )စစ္ပြဲတို႔၏ သခင္မ
============================
” ေက်ာထက္မွာ သားကို ပိုးလို႔ ၊ လက္ဖဝါးမွာလည္း ဓားကို ဆုပ္လို႔ “ဤျမင္ကြင္းသည္ ျမင္ေနၾက ရႈခင္းမဟုတ္။ လွပစြာ စုက္ခ်က္ထြင္းထားသည့္ပန္းခ်ီကား ဟုလည္း မဆိုနိုင္။ သို႔ပင္ ႏွစ္လိုဖြယ္ ေကာင္းလွသည္။ဤသည္ကားတိုက္ခိုက္ေရး အသြင္မွ ထင္းလင္းလာသည့္ ပုံရိပ္ျဖစ္သည္။
ထိုအခ်ိန္ဝယ္ ရွိရင္းစြဲ စႏၵကူး ရနံ႕ တို႔လည္း သင္းပ်ံ့မည္ မထင္။ရဲရဲေစြး ေပက်ံေနေသာ ေသြးညီနံ႕ တလိမ္းလိမ္း ျဖင့္သာ ထုံလႊမ္းေနေပလိမ့္မည္။သူမ၏ ေက်ာထက္မွ သား သည္တိုင္းျပည္ ၏ အသက္ ျဖစ္သည္။သူမ လက္ဖဝါးတို႔သည္ ႏူးညံ့စြာ တည္ရွိရမည့္အစား ရဲရင့္လွသည္။
ထို႔ႏွင့္ ေသြးေၾကာ အမွ်င္ တန္းတို႔ သည္လည္း အညံ့မခံလိုေသာ စိတ္တို႔ ကို လစ္ဟေနသည္။ထိုအခ်ိန္တြင္ တိုင္းသူ႕ျပည္သား တို႔သည္ သူမအတြက္ အသက္ပင္ စြန႔္ပစ္ရပါေစ။ေပးဆပ္ဖို႔ အသင့္ျဖစ္ေနၾကေလၿပီ။သူမကား အျခားသူမဟုတ္။
လက္႐ုံးရည္ ႏွလုံးရည္ ျပည့္ဝလွေသာမိန္းမေကာင္း မိန္းမျမတ္ စာရင္းဝင္ ” လက္ရွ္မီးဘိုင္ “ပင္ျဖစ္ေတာ့သည္။သူမ သည္ မႏူး သို႔မဟုတ္ မနီကာ နီကာငယ္နာမည္ျဖင့္ စတင္ ခဲ့ၿပီး မိဖုရားအျဖစ္သို႔ ေရာက္ရွိခ်ိန္မွ” လက္ရွ္မီးဘိုင္ ” ဟုအမည္တြင္လာခဲ့သည္။သူမသည္ ငယ္စဥ္ကတည္းက ဓားေရးပညာတို႔ႏွင့္ ထိေတြ႕မႈရွိၿပီး ရဲဝံ့မႈကလည္းအျခားသူတို႔ထက္ သာလြန္သည္။သူမသည္ လက္႐ုံးရည္ လည္း ျပည့္ဝသလို ႏွလုံးရည္ လည္း မြန္ျမတ္သည္။ေမတၱာ တရားလည္း ျပည့္ဝသလိုမတရားမႈေတြနဲ႕ ႀကဳံ လာရင္လည္း ဓားေရးက သြက္လွသည္။ထို႔ေၾကာင့္ နယ္ခ်ဲ့ တို႔အား ဦးေခါင္းမၫႊတ္။အညံ့မခံဘဲ သူမ ေတာ္လွန္လာခဲ့သည္။သူမ သည္ ဂ်န္စီးျပည္နယ္ ၏ အသက္ပင္ ျဖစ္သည္။သူမသည္ လြတ္လပ္မႈ၏ မီးပြားေလး တစ္ခုျဖစ္ၿပီး ျပည္သူတို႔၏ လြတ္လပ္လိုစိတ္ကိုမီးညွိ ေပးခဲ့သူျဖစ္သည္။
” ရွင္သန္သည္ ျဖစ္ေစ ေသဆုံးသြားသည္ ျဖစ္ေစ ေအာင္ျမင္မႈက ငါတို႔ပဲ ပိုင္တယ္ “သူမဟာ ဒီလို စကားမ်ိဳးကို တြင္တြင္ေျပာခဲ့ၿပီး ေသဆုံးသြားသည္တိုင္ အညံ့မခံခဲ့။
အားလုံးကို သူမ မမက္ေမာခဲ့။ လြတ္လပ္မႈကို သာ ေတာင့္တခဲ့တယ္။ ဒါဟာ ရာဇဝင္ မွာ စာတြင္ေစခဲ့တဲ့ အေၾကာင္းရင္းပါပဲ။
ဇာတ္လမ္းအက်ဥ္း
————-
————-
အခ်ိန္ကာလကား 1828 ခုႏွစ္။အိႏၵိယ တစ္နိုင္ငံလုံးနီးပါးလည္း ၿဗိတိသွ် တို႔ ႀကီးစိုးေနခ်ိန္ ျဖစ္သည္။ ဂ်န္စီးျပည္နယ္ မွာလည္း ၿဗိတိသွ် တို႔ တရိပ္ရိပ္ ခ်ဥ္းနင္းလာခဲ့ခ်ိန္ ျဖစ္သည္။ထိုအခ်ိန္ဝယ္ ဗာရာနာဆီ ျပည္နယ္ ၏ တစ္ေထာင့္ တစ္ေနရာမွာေတာ့ ကေလးမေလး တစ္ေယာက္ ေမြးဖြားလာခဲ့သည္။
သူမ ကား ” မနီကာ နီကာ ” ပါပဲ။သူမ ဟာ အနာဂတ္ရဲ႕ ၾကယ္ ဆိုလည္းမွားနိုင္မည္ မထင္။တစ္ေန႕မွာေတာ့ သူမဟာ ဂ်န္စီး ဘုရင္ ႏွင့္ လက္ဆက္လိုက္ရသည္။နန္းဓေလ့ ေတြ ရိုးရာေတြ အရ မီးဖိုေခ်ာင္ဝယ္ အခ်ိန္ ကုန္ဆုံး ရမည့္ အစားသူမဟာ ယဥ္ေက်းမႈ ကို ေဖာက္ထြက္လာခဲ့သည္။ ဉာဏ္ပညာရည္ ႐ႊင္ေသာ သူမအဖို႔ေတာ့
ထုံးတမ္းစဥ္လာ တစ္ခ်ိဳ႕က ေဘာင္မဝင္ခဲ့။
ထုံးတမ္းစဥ္လာ တစ္ခ်ိဳ႕က ေဘာင္မဝင္ခဲ့။
တဇြတ္ထိုး နိုင္လွေပမယ့္ အခ်က္အလက္က်သည္။ အေတြးအေခၚ ပိုင္နိုင္သည္။နယ္ခ်ဲ့ တို႔ အားလည္း ဦးမၫႊတ္ ။ ေျခလွမ္း ေရွ႕တိုး၍သာ မ်က္လုံးခ်င္းဆိုင္ ေျပာသည္။ နယ္ခ်ဲ့ တို႔္၏ မတရားမႈ ေတြ႕ရင္လည္းျပည္သူ႕ဖက္မွ မားမားရပ္တည္ေပးသည္။
ထို႔ေၾကာင့္ ခ်စ္တဲ့ သူမ်ား သလို မနာလို သူမ်ားလည္း ေပါလွသည္။ထိုအခ်ိန္ဝယ္ ၿဗိတိသွ် တို႔သည္ ဂ်န္စီးျပည္နယ္ ကို အပိုင္သိမ္းနိုင္ရန္ ႀကိဳးစားေနၾကခ်ိန္ျဖစ္သည္။အႏု နည္းျဖင့္ ၿပဳံးေနေသာ္လည္း အတြင္းလူသစၥာေဖာက္တို႔ျဖင့္ႀကံ႐ြယ္ေနၾကသည္။တစ္ဖက္မွာလည္း လက္ရွ္မီးဘိုင္ ဟာ ရင္ေသြး ေလးကို လြယ္ထားရခ်ိန္ ျဖစ္သည္။
ထိုရင္ေသြး သည္ ေယာက်္ား ျဖစ္ပါက ဂ်န္စီး ျပည္နယ္ သည္ မင္းေလာင္း အသင့္ ရမည္ျဖစ္သည္။ထို႔ေၾကာင့္လည္း နန္းလုလိုသူ ဖက္မွလည္း အလြန္အမင္း စိုးရိမ္ေနၾကခ်ိန္ျဖစ္သည္။ထိုသို႔ျဖင့္ လက္ရွ္မီးဘိုင္ ေမြးဖြားသန႔္စင္လိုက္ေသာ ရင္ေသြးမွာ ေယာက်္ားေလး
ျဖစ္လာခဲ့ေသာအခါ ——။

ဤသို႔ျဖင့္ ဘာေတြ ျဖစ္လာၾကပါမည္နည္း ။
မိမိအျမင္
——-
Manikarnika ဇာတ္လမ္းမ်ိဳးက ဇာတ္ရွိန္ တရိပ္ရိပ္ တက္ေသာ အပင္ျဖစ္ပါတယ္။အတၳဳပၸတၱိ တစ္ခုလို႔သာ ေျပာေသာ္လည္းတင္ဆက္ပုံ ေကာင္းမြန္မႈက မပ်င္းမရိရေအာင္ပါပဲ။ မႏူး ဘဝကေန လက္ရွ္မီးဘိုင္ဘဝ ေရာက္ရပုံ ၊ လက္ရွ္မီးဘိုင္ ဘဝ ေရာက္ေသာ္လည္း ျပည္သူေတြကို ဆက္ဆံပုံေတြက ၾကည္ႏူးဖို႔ေကာင္းပါတယ္။တစ္ဖက္မွာ လည္း ၿဗိတိသွ် ေတြကို ခက္ထန္ပုံ ၊ သတိၱ ေသြးရဲရဲ နီပုံက ေက်ာခ်မ္းစရာပါပဲ။

မိန္းကေလးဆိုေသာ္လည္း ေယာက်္ားတို႔ထက္ သာလြန္ေသာ သေဘာတရား ကို သ႐ုပ္ေဆာင္ပိုင္နိုင္စြာ ျပသနိုင္ခဲ့ပါတယ္။မင္းသမီး ဟာ ႐ုပ္မဆိုးေသာ မေခ်ာလြန္းလွေသာ အလယ္အလတ္မို႔ လက္ရွ္မီးဘိုင္ ေနရာ နဲ႕ အေတာ္လိုက္ဖက္တယ္ လို႔ ျမင္မိပါတယ္။ရက္စက္တန္သည့္ခ်ိန္တြင္ ရက္စက္သည့္ပုံ / ႏူးညံ့စြာ ၿပဳံးသည့္အခ်ိန္တြင္လည္း လွပစြာ ၿပဳံးေနနိုင္ပုံက ဇာတ္ရဲ႕ အေျပာင္းအလဲ ကို ႂကြေစပါတယ္။ဒီလို ဇာတ္ရွိန္မက်ေစဖို႔ ကင္မရာရဲ႕ အေထာက္အပံ့ က လည္း လွေနပါတယ္။
လက္ရွ္မီးဘိုင္ လမ္းေလွ်ာက္ လာပုံကအစရဲဝံ့ နိုင္မႈ ၊ မိမိယုံၾကည္မႈရွိမႈကို ကင္မရာသမားက အမိအရ ရိုက္နိုင္ခဲ့ပါတယ္။ ၿဗိတိသွ် အလံကို ဓားနဲ႕ ခုတ္ရွေစခဲ့တဲ့အခါ လက္ရွ္မီးဘိုင္ ရဲ႕ မ်က္ဝန္းကို အလံအကြဲၾကားကေန ေတြ႕ရမႈဟာ ေတာ္ေတာ္ ေလးေကာင္းလွပါတယ္။ေနာက္တစ္ခုက ဒီဇိုင္းနာ ေတြပါ။
အဆင္အယင္တိုင္းဟာ ခမ္းနားၿပီး ေနာက္ခံေတးသံေတြကလည္းအခ်ိန္ကိုက္လွပါတယ္။ ႀကိဳးစားၿပီး ရိုက္ကူးတာကိုေတာ့ ျငင္းဖြယ္ရာ မရွိေတာ့ပါ။
ၫႊန္းဆိုခ်က္
———
———
ဒီဇာတ္ကားဟာ မိန္းကေလးတစ္ေယာက္ အေၾကာင္း ဆိုေပမယ့္ ရဲဝံ့တဲ့ မိန္းမသား အေၾကာင္းပါ။ လိင္ ကြဲျပားမႈ ေၾကာင့္
မိန္းမသားတို႔သည္ သတိၱေရးရာတြင္ နိမမ့မက်ေၾကာင္း လက္႐ုံးရည္ ႏွလုံးရည္တြင္လည္း ယွဥ္နိုင္ေၾကာင္း ေျပာျပေနတဲ့ ကားပါ။ေယာက်္ား ေလးျဖစ္တဲ့ ကြၽန္ေတာ့္အဖို႔ေတာင္ ေႂကြရတဲ့ကားဖို႔ မိန္းကေလး မ်ားပိုၾကည့္သင့္တယ္လို႔ ၫႊန္းခ်င္ပါတယ္။ျမန္မာ့သမိုင္းမွာလည္း ရွင္ေစာပု ရွိခဲ့သလို နယ္ခ်ဲ့ကို ခြန္းတုံ႕ျပန္ ခဲ့တဲ့ စုဖရားလတ္လည္း ရွိခဲ့ဖူးပါတယ္။ မိန္းကေလးေတြဟာ မီးဖိုေခ်ာင္ ရဲ႕ သခင္အျဖစ္နဲ႕ပဲ ေမြးဖြားလာတာမဟုတ္ပါဘူး။

စစ္ပြဲတို႔၏ သခင္မအျဖစ္နဲ႕လည္း ေမြးဖြားလာခဲ့တာပါ။ဒါ့ေၾကာင့္ ” လက္ရွ္မီးဘိုင္ ” ဇာတ္ကား ၾကည့္လို႔ ဘာမွ မႀကိဳက္ခဲ့ရင္ေတာင္မွ ၿဗိတိသွ် ေတြ တုန္လႈပ္ခဲ့ရဖူးေသာ သူထဲမွာ မိန္းကေလး ပါဖူးေၾကာင္း သတိရပါဟု ဆိုရင္း။
Review Credit : :လင္းခယံ
(ဒီဇာတ္ကားဟာ နန္းတြင္းကားျဖစ္တာနဲ႕အညီ စကားလုံးေတြျမင့္ပါတယ္၊ ထြက္လာသမွ်အဂၤလိပ္စာဖိုင္ေတြက လိုတိုရွင္းပဲပါေနလို႔အတတ္နိုင္ဆုံး နားေထာင္ၿပီးမွန္ေအာင္ ဘာသာျပန္ေပးထားပါတယ္
လိုအပ္ခ်က္မ်ားရွိပါက သည္းခံေပးၾကပါကုန္)
လိုအပ္ခ်က္မ်ားရွိပါက သည္းခံေပးၾကပါကုန္)
ကိုေဇာ္ထူးမွ ဘာသာျပန္ တင္ဆက္ေပးထားပါတယ္
Translated by Zaw Htoo
Encoded by Thit San Khant
Encoded by Thit San Khant
Credit