Escape Room (2019)


(unicode)
Escape Room (2019)
=========================
Escape room ဆိုတာ အခန်းတစ်ခန်းထဲမှာအပိတ်အလှောင်ခံ၊
အထဲမှာ သဲလွန်စတွေရှာပြီး ပေးထားတဲ့အချိန်မပြည့်ခင်
အခန်းထဲက လွတ်အောင်ထွက်ရတဲ့ game တစ်ခု။
အခုရုပ်ရှင်က escape room ဟာလည်း အဲလိုပဲ entertain လည်းဖြစ်၊
ပါဝင်ကစားတဲ့သူတွေကလည်း တွေးတောကြံဆရတယ်ဆိုတဲ့
သာမန် game တစ်ခုလို့ ထင်နေကြပေမဲ့ တကယ်တမ်းတော့ မလွွတ်ရင်
တကယ်သေကြရမဲ့ အကွက်တွေဖြစ်နေတဲ့အတွက် player ၆ ယောက်ဟာလည်း
တစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်မှုတွေ၊
အားကိုးမှုတွေ မရှိရှိအောင် တည်ဆောက်ကြရင်း လွတ်မြောက်အောင် ဝိုင်းကြိုးစားကြရပါတော့တယ်။
Review (Minor Spoiler alert)

Minor Spoiler alert လု့ိသာ တပ်ထားတာပါ။
ဒီလိုကားမျိုးက (trailer အရရော) spoil လည်း ဖြစ်စရာသိပ်မရှိသလောက်ပါပဲ။
Escape room က လူအများနားလည်အောင် အကြမ်းပြောရမယ်ဆိုရင် Saw နဲ့ ခပ်ဆင်ဆင်ပါပဲ။
သူကတော့ ဟိုမှာလို near-impossible choice တွေပေးပြီး
အချင်းချင်းသတ်ခိုင်းတာမျိုးမဟုတ်ဘဲ အချိန်တိုအတွင်း clue တွေလိုက်ရှာရတာမျိုးပေါ့။
Big budget ကားကြီးလည်းမဟုတ်၊ သရုပ်ဆောင်တွေလည်း ဒိတ်ဒိတ်ကြဲတွေမပါ။
Plot လည်း မရှိသလောက်။ ရုပ်ရှင်ကားတစ်ကားအနေနဲ့ quality ကြီးတွေ
မပါဝင်ခဲ့ပေမဲ့ တစ်ကားလုံးနီးပါး မရပ်မနားနဲ့
entertain လုပ်ပေးသွားနိုင်တဲ့ကားတစ်ကားတော့ ဖြစ်ပါတယ်။
သူ့ဇာတ်လမ်းအရကလည်း အရမ်းကြီး အံ့သြစရာကောင်းလောက်တဲ့ revealation တွေမပါ၊
plot twist ကြီးတွေမပါပေမဲ့ suspense ဖြစ်စရာလေးတွေ တော်တော်များတယ်။
ဒီလိုကားမျိုးမှာ သေချာမြင်ရမှာကတော့ လူတွေအကြောင်းပဲပေါ့။
လူတွေက ရှေ့မှာဘယ်လိုနေနေ သေရေးရှင်ရေး၊
မိနစ်ပိုင်းအတွင်း ကိုယ် သို့မဟုတ် ဘေးလူတွေ သေကုန်နိုင်တယ် ဆိုတဲ့
အခြေအနေမျိုးရောက်လာတဲ့အခါ ပေါ်ထွက်လာတဲ့ သူတို့ရဲ့ အတွင်းစိတ်တွေ၊
သူတို့ရဲ့ ကြောက်လန့်မှုတွေ မြင်ရတယ်။
ဒီထက်အများကြီးပိုပြနိုင်ရင်တော့ ပိုကောင်းမယ်။
Room ထဲမှာ လာဆော့ကြတဲ့ ဇာတ်ကောင်တွေက random stranger တွေမဟုတ်ဘဲ
သေချာရွေးထားတဲ့ selection ဆိုတဲ့အကွက်ကလည်း မဆိုးဘူး။
နည်းနည်း overkill ဖြစ်နေသလိုဆိုပေမဲ့ပေါ့။ အခန်းထဲမှာ clue တွေရှာရတဲ့ဟာတွေ၊
ထောင်ချောက်ဆင်တာမျိုးတွေလည်း လုပ်ထားတာ မဆိုးဘူး။
ပြီးပြီးရောဆိုတာထက် တော်တော်လေး creative ဖြစ်တဲ့အကွက်လေးတွေ တွေ့ရတယ်။
တချို့အကွက်တွေကျတော့လည်း cheat လုပ်သလိုအကွက်တွေဖြစ်နေတတ်သလို
plot မဖြစ်ဖြစ်အောင်ကြီး အရမ်းလုပ်ပြထားသလိုမျိုးတွေ တွေ့ရတယ်။
သေကြတဲ့အခန်းတွေဆိုလည်း brutal ဖြစ်ပေမဲ့ မကြည့်ရဲလောက်အောင်
သွေးထွက်သံယိုတွေ လုပ်မထားဘူး။ အေးဆေးကြည့်လို့ရတယ်။
Escape room က လန်ထွက်နေတဲ့ကားကြီးပါလို့
ပြောလို့မရဘူးဆိုပေမဲ့ အချိန်ပေးကြည့်ရတန်တယ်။
ပျင်းရတာမျိုးမရှိဘဲ ပြီးတဲ့အထိ ကြည့်ဖြစ်သွားအောင် ဆွဲဆောင်ထားနိုင်တယ်။
ကားကြီးတွေ ပင်ပင်ပန်းပန်းမကြည့်ချင်ပဲ
နည်းနည်းပေါ့ပေါ့ပါးပါးနဲ့ brutal suspense ကားမျိုးကြည့်ချင်တယ်ဆို အဆင်ပြေပါလိမ့်မယ်။
(ဒီကားရဲ့အညွှန်းကိုတော့ DatShin မှ ကူးယူဖော်ပြပါတယ်…)
Translator : Little Neo
Encoder : May Pyae Sone Oo



















File size - 940MB
ဒီမှာဒေါင်းပါ -https://mm1ink.info/fbXZw












File size- 343MB
ဒီမှာဒေါင်းပါ - https://mm1ink.info/iUuh8X




























မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs
















(zawgyi)
Escape_Room (2019)
=========================
Escape room ဆိုတာ အခန္းတစ္ခန္းထဲမွာအပိတ္အေလွာင္ခံ၊
အထဲမွာ သဲလြန္စေတြရွာၿပီး ေပးထားတဲ့အခ်ိန္မျပည့္ခင္
အခန္းထဲက လြတ္ေအာင္ထြက္ရတဲ့ game တစ္ခု။
အခု႐ုပ္ရွင္က escape room ဟာလည္း အဲလိုပဲ entertain လည္းျဖစ္၊
ပါဝင္ကစားတဲ့သူေတြကလည္း ေတြးေတာႀကံဆရတယ္ဆိုတဲ့
သာမန္ game တစ္ခုလို႔ ထင္ေနၾကေပမဲ့ တကယ္တမ္းေတာ့ မလြြတ္ရင္
တကယ္ေသၾကရမဲ့ အကြက္ေတြျဖစ္ေနတဲ့အတြက္ player ၆ ေယာက္ဟာလည္း
တစ္ေယာက္နဲ႕တစ္ေယာက္ၾကား ယုံၾကည္မႈေတြ၊
အားကိုးမႈေတြ မရွိရွိေအာင္ တည္ေဆာက္ၾကရင္း လြတ္ေျမာက္ေအာင္ ဝိုင္းႀကိဳးစားၾကရပါေတာ့တယ္။
Review (Minor Spoiler alert)

Minor Spoiler alert လု႔ိသာ တပ္ထားတာပါ။
ဒီလိုကားမ်ိဳးက (trailer အရေရာ) spoil လည္း ျဖစ္စရာသိပ္မရွိသေလာက္ပါပဲ။
Escape room က လူအမ်ားနားလည္ေအာင္ အၾကမ္းေျပာရမယ္ဆိုရင္ Saw နဲ႕ ခပ္ဆင္ဆင္ပါပဲ။
သူကေတာ့ ဟိုမွာလို near-impossible choice ေတြေပးၿပီး
အခ်င္းခ်င္းသတ္ခိုင္းတာမ်ိဳးမဟုတ္ဘဲ အခ်ိန္တိုအတြင္း clue ေတြလိုက္ရွာရတာမ်ိဳးေပါ့။
Big budget ကားႀကီးလည္းမဟုတ္၊ သ႐ုပ္ေဆာင္ေတြလည္း ဒိတ္ဒိတ္ႀကဲေတြမပါ။
Plot လည္း မရွိသေလာက္။ ႐ုပ္ရွင္ကားတစ္ကားအေနနဲ႕ quality ႀကီးေတြ
မပါဝင္ခဲ့ေပမဲ့ တစ္ကားလုံးနီးပါး မရပ္မနားနဲ႕
entertain လုပ္ေပးသြားနိုင္တဲ့ကားတစ္ကားေတာ့ ျဖစ္ပါတယ္။
သူ႕ဇာတ္လမ္းအရကလည္း အရမ္းႀကီး အံ့ၾသစရာေကာင္းေလာက္တဲ့ revealation ေတြမပါ၊
plot twist ႀကီးေတြမပါေပမဲ့ suspense ျဖစ္စရာေလးေတြ ေတာ္ေတာ္မ်ားတယ္။
ဒီလိုကားမ်ိဳးမွာ ေသခ်ာျမင္ရမွာကေတာ့ လူေတြအေၾကာင္းပဲေပါ့။
လူေတြက ေရွ႕မွာဘယ္လိုေနေန ေသေရးရွင္ေရး၊
မိနစ္ပိုင္းအတြင္း ကိုယ္ သို႔မဟုတ္ ေဘးလူေတြ ေသကုန္နိုင္တယ္ ဆိုတဲ့
အေျခအေနမ်ိဳးေရာက္လာတဲ့အခါ ေပၚထြက္လာတဲ့ သူတို႔ရဲ႕ အတြင္းစိတ္ေတြ၊
သူတို႔ရဲ႕ ေၾကာက္လန႔္မႈေတြ ျမင္ရတယ္။
ဒီထက္အမ်ားႀကီးပိုျပနိုင္ရင္ေတာ့ ပိုေကာင္းမယ္။
Room ထဲမွာ လာေဆာ့ၾကတဲ့ ဇာတ္ေကာင္ေတြက random stranger ေတြမဟုတ္ဘဲ
ေသခ်ာေ႐ြးထားတဲ့ selection ဆိုတဲ့အကြက္ကလည္း မဆိုးဘူး။
နည္းနည္း overkill ျဖစ္ေနသလိုဆိုေပမဲ့ေပါ့။ အခန္းထဲမွာ clue ေတြရွာရတဲ့ဟာေတြ၊
ေထာင္ေခ်ာက္ဆင္တာမ်ိဳးေတြလည္း လုပ္ထားတာ မဆိုးဘူး။
ၿပီးၿပီးေရာဆိုတာထက္ ေတာ္ေတာ္ေလး creative ျဖစ္တဲ့အကြက္ေလးေတြ ေတြ႕ရတယ္။
တခ်ိဳ႕အကြက္ေတြက်ေတာ့လည္း cheat လုပ္သလိုအကြက္ေတြျဖစ္ေနတတ္သလို
plot မျဖစ္ျဖစ္ေအာင္ႀကီး အရမ္းလုပ္ျပထားသလိုမ်ိဳးေတြ ေတြ႕ရတယ္။
ေသၾကတဲ့အခန္းေတြဆိုလည္း brutal ျဖစ္ေပမဲ့ မၾကည့္ရဲေလာက္ေအာင္
ေသြးထြက္သံယိုေတြ လုပ္မထားဘူး။ ေအးေဆးၾကည့္လို႔ရတယ္။
Escape room က လန္ထြက္ေနတဲ့ကားႀကီးပါလို႔
ေျပာလို႔မရဘူးဆိုေပမဲ့ အခ်ိန္ေပးၾကည့္ရတန္တယ္။
ပ်င္းရတာမ်ိဳးမရွိဘဲ ၿပီးတဲ့အထိ ၾကည့္ျဖစ္သြားေအာင္ ဆြဲေဆာင္ထားနိုင္တယ္။
ကားႀကီးေတြ ပင္ပင္ပန္းပန္းမၾကည့္ခ်င္ပဲ
နည္းနည္းေပါ့ေပါ့ပါးပါးနဲ႕ brutal suspense ကားမ်ိဳးၾကည့္ခ်င္တယ္ဆို အဆင္ေျပပါလိမ့္မယ္။
(ဒီကားရဲ႕အၫႊန္းကိုေတာ့ DatShin မွ ကူးယူေဖာ္ျပပါတယ္…)
Translator : Little Neo
Encoder : May Pyae Sone Oo



















File size - 940MB
ဒီမွာေဒါင္းပါ -https://mm1ink.info/fbXZw












File size- 343MB
ဒီမွာေဒါင္းပါ - https://mm1ink.info/iUuh8X




























မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs