I Kill Giants (2017)
(unicode)
I Kill Giants (2017)
-------------------------
အခုရက်ပိုင်းကြည့်သမျှရုပ်ရှင်တွေထဲမှာတော့ အကြိုက်တွေ့မိဆုံး ရုပ်ရှင်ကိုပြောရမယ်ဆိုရင်တော့ I Kill Giants လို့ပြောရမှာပဲ။ နာမည်ကြီး ဝါရင့်မင်းသမီး တွေဖြစ်တဲ့ Zoe Saldana နဲ့ Imogen Poots တို့ပါတယ်ဆိုလို့လည်းပိုစိတ်ဝင်စားမိတယ်။ အဓိကမင်းသမီးဖြစ်တဲ့ Madison Wolfe ကိုလည်း Conjuring 2 ကတည်းက အကြိုက်တွေ့မိတာဆိုတော့ ဒီပိတ်ရက်မှာ I Kill Giants ကို ကြည့်ဖြစ်ခဲ့တယ်။
Harry Potter ရဲ့ Producers တွေ Produce လုပ်တဲ့ရုပ်ရှင်ဆိုတော့ အသကုန်ချပီလို့လည်းထင်ခဲ့မိတာရယ်၊ ပိုစတာကလည်း အသားကုန်ချမဲ့ပုံဆိုတော့ စိတ်ဝင်တစားကြည့်ခဲ့မိတယ်။ အဲ့မှာ သူတို့ဖမ်းချင်တဲ့ အကွက်ထဲကိုတန်းနေအောင်ဝင်သွားတာပဲ။
ကဲဇာတ်လမ်းအပိုင်းကိုသွားကြတာပေါ့။ ဇာတ်လမ်းအစမှာထဲက Giants တွေကိုလိုက်ဖမ်းနေတဲ့ Medison Wolfe လေးကိုစတွေ့ရမှာပါ။ သူပာာ သမိုင်းပေးတာဝန်အရ Giants တွေကိုလိုက်သတ်ပီးသူနေထိုင်နေတဲ့ မြို့ကိုကာကွယ်ပေးနေရတာပါ။
ဒါပေမဲ့လို့သူတက်တဲ့ကျောင်း၊ သူနေထိုင်တဲ့မြို့ကလူတွေကတော့သူ့ကို ပလပ်လွတ်နေတဲ့လူတစ်ယောက်လိုဆက်ဆံကြပါတယ်။ အဲ့လိုဆက်ဆံလို့ သူမပာာ အားငယ်စိတ်ပျက်နေမှာတော့ မပာုတ်ပါဘူး။ သူ့ကျောင်းကလူတွေအားလုံးကိုဂရုကိုမစိုက်ပဲသူလုပ်ချင်ရာ နဲ့ဖြစ်ချင်တာတွေကိုပဲလုပ်နေခဲ့တာပါ။ ဒါကဇာတ်လမ်းအစပါ။
နောက်ပိုင်း မိနစ်ငါးဆယ်လောက်ထိ သင်ပာာ Giants တွေကိုသတ်ဖို့ကြိုးစားနေပါလိမ့်မယ်။ အဲ့နောက်ပိုင်းမှာဇာတ်လမ်းကမထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဆက်တိုက်ကို ပေးပါလိမ့်မယ်။ ပြောပြလိုက်ရင် လုံးဝကြည့်ကောင်းတော့မှာမပာုတ်တော့တဲ့ အတွက် ကိုယ်တိုင်သာခံစားကြည့်ပါ။
ဒီရုပ်ရှင်မှာထူးခြားတာက ဇာတ်လမ်းတစ်ခုလုံးမှာ မိန်းကလေးတွေနဲ့ကြီးပဲ ဇာတ်အိမ်အစအဆုံး တည်ဆောက်ထားတာတွေ့ရမှာပါ။ ယောကျာၤးလေး ပါတဲ့အခန်း ၃ ခန်းလောက်သာရှိပါတယ်။ နောက်ထပ်မိုက်တဲ့အချက်ကတော့ Giants တွေပါပဲ။ Giants တွေရဲ့ပုံစံ နဲ့ Giants တွေရဲ့ Story ပိုင်းကလည်း တော်တေ်ာမိုက်ပါတယ်။
ADMIN အနေနဲ့ဒီရုပ်ရှင်ကြည့်ပီး ဝမ်းနည်းခဲ့ရတာတော့ ဘယ်လိုမှငြင်းလို့မရပါဘူး။ မျက်ရည်မကျပဲ နဲ့ဝမ်းနည်းတဲ့ ခံစားချက်ကိုကောင်းကောင်းကြီးပေးသွားနိုင်တယ်။ လုံးဝမထင်မှတ်ထားဘူး ပေါ့ပေါ့ပါးပါးဆိုပီးကြည့်ခဲ့မိတာပဲ။ IMDb အနေနဲ့ 6.7 ရရှိထားပါတယ်။
Review Credit to Myanmar Subtitle Foundation
Credit
(zawgyi)
I Kill Giants (2017)
-------------------------
Credit