E.T. the Extra-Terrestrial (1982)


(unicode)
E.T. the Extra-Terrestrial (1982)
======================
၈၀-၉၀ ဖွားတွေအတွက် ဒီရုပ်ရှင်ကိုမြင်တာနဲ့နားထဲစကြားယောင်မယ့် အသံရှိမယ်ထင်ပါတယ်။
ET  Phone Home ဆိုတာပါပဲ။
ဒီရုပ်ရှင်လေးကတော့ ကလေးဘဝအိပ်မက်လေးတွေဆီကို ပြန်ခေါ်သွားပါလိမ့်မယ်။
သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင် ဇာတ်ကားကောင်းတစ်ခုလို့ ဘာတွေနဲ့ ပြောကြမလဲ။
နာမည်ထဲကအတိုင်းပါပဲသိပ္ပံစိတ်ကူးယဉ် လို့ရေးထားတဲ့အတွက်သိပ္ပံဇာတ်လမ်းဖြစ်ရမယ်၊ရုပ်ရှင်လို့ရေးထားတဲ့အတွက် ဇာတ်ညွှန်း ဇာတ်ဝင်ခန်းသရုပ်ဆောင် ဂီတ အထူးပြုလုပ်ချက်စတာတွေ ပါရမယ်၊ ဒါတွေအကုန်ပါရင်တောင်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် လို့ပဲ ပြောလို့ရပါတယ်။
ဇာတ်ကားကောင်းလို့ပြောဖို့ကတော့ ဇာတ်လမ်းရိုက်ချက် သရုပ်ဆောင် ဂီတ အထူးပြုလုပ်ချက်နေရာတိုင်းမှာ ပြည့်စုံကောင်းမွန်နေဖို့လိုပါတယ်။
Effect လေးတွေထည့် မဖြစ်နိုင်တာတွေမဖြစ်သေးတာတွေ ရိုက်ပြလိုက်ရုံနဲ့တော့သိပ္ပံစိတ်ကူးယဉ်ဆိုတာနဲ့ ရပ်နေပြီးရုပ်ရှင်ကောင်းဆိုတာ ဖြစ်မလာပါဘူး။
*************************
၁၉၈၂ က ထွက်ရှိခဲ့ပြီး ဒါရိုက်တာ စတီဗင်စပီးဘက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ရုပ်ရှင်သမိုင်းမှာအအောင်မြင်ဆုံးအဖြစ် ၁၉၉၃ ခုနှစ်အထိ ရပ်တည်နိုင်ခဲ့ပါတယ်။
Box Office ကတော့ ၇၉၂ သန်းပါ။
အဲဒီခေတ်ရဲ့ ဒီငွေပမာဏနဲ့ဆို ဘယ်လောက်များမလဲမှန်းကြည့်လို့ရပါတယ်။
၁၉၉၃ မှာတော့ စတီဗင်စပီးဘတ်ကပဲ Jurassic Park နဲ့သူ့စံချိန်ကိုသူပြန်ချိုးခဲ့လို့ပါ။
အဲဒီနောက်မှာတော့ တိုက်တင်းနစ်နဲ့ အဗာတာတို့ကပြန်ဦးဆောင်သွားခဲ့တာပါ။
ဒီရုပ်ရှင်ကို ၁၉၈၂ မှာ သမ္မတနဲ့ သမ္မတကတော်အတွက်အိမ်ဖြူတော်မှာ သီးသန့်ပြသပေးခဲ့ရပါသေးတယ်။
ဒီတော့ ရခဲ့တဲ့ ဆုလေးတွေကို ကြည့်ရအောင်။အော်စကာ ဆုပေးပွဲမှာ နောက်ခံဂီတဆု၊Sound Mixing ဆု၊ Visual Effect ဆု၊Sound Editing ဆု ဆိုပြီး ၄ ဆု ဆွတ်ခူးခဲ့ပါတယ်။
အကောင်းဆုံးရုပ်ရှင်ဆု၊ ဒါရိုက်တာဆု၊တည်းဖြတ်ဆု၊ မူလဇာတ်ညွှန်းဆု နဲ့Cinematography ဆုတွေ ဆန်ကာတင်ပါခဲ့ပါတယ်။
******************
ပထမဆုံးအနေနဲ့ ဇာတ်ညွှန်းကိုတော့ ဒါရိုက်တာက script ရေးသားခဲ့ပြီးscreenplay အဖြစ် ပြန်ရေးဖို့ ဟယ်ရစ်ဆင်ဖို့ဒ်ရဲ့ဇနီးဖြစ်လာမယ့် Melissa Mathison က ကူညီခဲ့ပါတယ်။
ဇာတ်လမ်းတစ်ခုလုံးက ယုတ္တိကျကျ လုံးဝဆန်းသစ်ပြီးလူတိုင်းရဲ့ စိတ်ထဲမှာ စွဲထင်သွားစေခဲ့ပါတယ်။
အော်စကာလည်း ရခဲ့တယ်လေ။
သရုပ်ဆောင်အဖြစ်ကတော့ အဲလိယော့အဖြစ်သရုပ်ဆောင်ဖို့လူတွေ့စစ်ဆေးရွေးချယ်မှုတွေ လုပ်ခဲ့ပါတယ်။
အဲလိယော့ကလေးနေရာမှာ သရုပ်ဆောင်မယ့်ဟင်နရီသောမက်လေးဟာ သူ့ရဲ့ခွေးလေးသေသွားတဲ့နေ့ကို ပြန်တွေးပြီး ငိုတဲ့အခန်းမှာသရုပ်ဆောင်ပြလိုက်တာ ဒါရိုက်တာကြီးကိုယ်တိုင်မျက်ရည်ကျရပြီးကို ဇာတ်လိုက်နေရာကို ရရှိသွားတာပါ။
ဒီရုပ်ရှင်ကို အသက်ကြီးမှ ပြန်ကြည့်တဲ့အခါသိပ်ကို ပီပြင်လွန်းတဲ့ နေရာတစ်ခုရှိပါတယ်။
အဲဒါကတော့ အီးတီကို ဆရာဝန်တွေ အသက်ကယ်ဖို့အရေးပေါ် ကြိုးစားတဲ့အခန်းပါ။
ဆေးပေးတာ၊ စစ်ဆေးတာ၊ အရေးပေါ်အသက်ကယ်တာ၊တဖြည်းဖြည်း အခြေအနေဆိုးလာပြီး သေပြီလို့ထင်သွားရတဲ့အထိ စကားလုံးတွေ လှုပ်ရှားမှုတွေကအရမ်းကို သဘာဝကျပြီး ပီပြင်ပါတယ်။
အံ့သြလွန်းလို့ ရှာကြည့်လိုက်တော့ ဒါရိုက်တာကြီးကအရေးပေါ်ခန်းက ဆရာဝန်တွေ သူနာပြုတွေကိုခေါ်ပြီး တကယ် အသက်ကယ်နေသလိုကိုလုပ်ခိုင်းပြောခိုင်းလိုက်ခဲ့လို့ပါပဲ။
ဆရာဝန်တွေ သူတို့မမြင်ဖူးတဲ့ ဂြိုလ်သားတစ်ကောင်ကိုနည်းအမျိုးမျိုးနဲ့ အရေးပေါ် ကုတဲ့အခန်းကအရမ်းကို မှန်ကန်တိကျပါတယ်။
အီးစီဂျီဖတ်ပြီး ကိုယ်ဝန်ရှိတဲ့အကွက်မျိုးတွေ မလာပါဘူး။နောက်ပြီးတော့ အထူးပြုလုပ်ချက်အနေနဲ့အီးတီနဲ့အတူ စက်ဘီးလေး မိုးပေါ်ပံျသွားတဲ့အခန်းကတော့ရုပ်ရှင်လောကရဲ့ မှတ်တိုင်အထိမ်းအမှတ်တစ်ခုလိုတောင်ဖြစ်လာခဲ့တာပါပဲ။
လူတိုင်းမျက်စိထဲမှာလည်း အဲဒီအခန်းကိုစွဲနေကြပါတယ်။
ဒါရိုက်တာရဲ့ အရည်အချင်းပါပဲ။
ရယ်ရတာတစ်ခုကတော့ ဒီရုပ်ရှင်မှာအီးတီကို မုန့်နဲ့မျှားခေါ်တဲ့အခန်းအတွက်M&M မုန့်လေးတွေကို သုံးဖို့ကုမ္ပဏီကို ခွင့်တောင်းခဲ့ပါတယ်။
ကုမ္ပဏီက အီးတီဟာ ရုပ်ဆိုးလွန်းလို့ကလေးတွေ ကြောက်လိမ့်မယ်ဆိုပြီးသုံးခွင့်မပေးခဲ့လို့ Reese’s တံဆိပ်မုန့်တွေကိုပဲသုံးခဲ့ရပါတယ်။
ဒီရုပ်ရှင်ကြောင့် Reese’s မုန့်ရောင်းရနှုန်းကတရှိန်ထိုးကို ထောင်တက်သွားတာပါပဲ။
Star wars ဖန်တွေ ပြန်ကြည့်ရင်အကြိုက်တွေ့မယ့် အချက်ကတော့ အီးတီဟာဟောလိုးဝင်းမှာ Yoda ဝတ်စုံကို ဝတ်ထားတဲ့ကလေးကို မှတ်မိနေကြောင်း ပြသခဲ့တာပါပဲ။
အီးတီဟာ Yoda ကို သိပါတယ်ဗျာ။
အီးတီနေရာမှာတော့ အရပ် ၂ ပေကျော်ပဲ ရှိတဲ့လူပုလေး ၂ ယောက်ကို သရုပ်ဆောင်စေခဲ့ပြီးမီးဖိုချောင်ခန်းတွေမှာတော့ ၁၂ နှစ်အရွယ်ခြေထောက်မရှိဘဲ လက်နဲ့ပဲလမ်းလျှောက်တတ်တဲ့ ကလေးကသရုပ်ဆောင်ခဲ့ပါတယ်။
ဒီတာ့ ကျွန်တော်တို့ အိုကြီးအိုမတွေလည်းပြန်ခံစားနိုင်အောင်။
ကလေးတွေလည်းကြည့်ဖူးသွားအောင် တင်ပေးလိုက်ပါတယ်။
ရုပ်ရှင်ကားကို ဘာသာပြန်ပြီးအညွှန်းရေးထားတာကတော့ Little Neo ဖြစ်ပြီးThit San Khant မှ Encode ၍ တင်ဆက်ထားပါတယ်








Credit - CM




File size -  2.01GB
ဒီမှာဒေါင်းပါ - https://mm1ink.net/6MrdQR4




File size - 881MB
ဒီမှာဒေါင်းပါ - https://mm1ink.net/dWvbrd







မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs





Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI





(zawgyi)
E.T. the Extra-Terrestrial (1982)
======================
၈၀-၉၀ ဖြားေတြအတြက္ ဒီ႐ုပ္ရွင္ကိုျမင္တာနဲ႕နားထဲစၾကားေယာင္မယ့္ အသံရွိမယ္ထင္ပါတယ္။
ET  Phone Home ဆိုတာပါပဲ။
ဒီ႐ုပ္ရွင္ေလးကေတာ့ ကေလးဘဝအိပ္မက္ေလးေတြဆီကို ျပန္ေခၚသြားပါလိမ့္မယ္။
သိပၸံစိတ္ကူးယဥ္ ႐ုပ္ရွင္ ဇာတ္ကားေကာင္းတစ္ခုလို႔ ဘာေတြနဲ႕ ေျပာၾကမလဲ။
နာမည္ထဲကအတိုင္းပါပဲသိပၸံစိတ္ကူးယဥ္ လို႔ေရးထားတဲ့အတြက္သိပၸံဇာတ္လမ္းျဖစ္ရမယ္၊႐ုပ္ရွင္လို႔ေရးထားတဲ့အတြက္ ဇာတ္ၫႊန္း ဇာတ္ဝင္ခန္းသ႐ုပ္ေဆာင္ ဂီတ အထူးျပဳလုပ္ခ်က္စတာေတြ ပါရမယ္၊ ဒါေတြအကုန္ပါရင္ေတာင္သိပၸံစိတ္ကူးယဥ္႐ုပ္ရွင္ လို႔ပဲ ေျပာလို႔ရပါတယ္။
ဇာတ္ကားေကာင္းလို႔ေျပာဖို႔ကေတာ့ ဇာတ္လမ္းရိုက္ခ်က္ သ႐ုပ္ေဆာင္ ဂီတ အထူးျပဳလုပ္ခ်က္ေနရာတိုင္းမွာ ျပည့္စုံေကာင္းမြန္ေနဖို႔လိုပါတယ္။
Effect ေလးေတြထည့္ မျဖစ္နိုင္တာေတြမျဖစ္ေသးတာေတြ ရိုက္ျပလိုက္႐ုံနဲ႕ေတာ့သိပၸံစိတ္ကူးယဥ္ဆိုတာနဲ႕ ရပ္ေနၿပီး႐ုပ္ရွင္ေကာင္းဆိုတာ ျဖစ္မလာပါဘူး။
*************************
၁၉၈၂ က ထြက္ရွိခဲ့ၿပီး ဒါရိုက္တာ စတီဗင္စပီးဘက္ရိုက္ကူးခဲ့တာျဖစ္ပါတယ္။
႐ုပ္ရွင္သမိုင္းမွာအေအာင္ျမင္ဆုံးအျဖစ္ ၁၉၉၃ ခုႏွစ္အထိ ရပ္တည္နိုင္ခဲ့ပါတယ္။
Box Office ကေတာ့ ၇၉၂ သန္းပါ။
အဲဒီေခတ္ရဲ႕ ဒီေငြပမာဏနဲ႕ဆို ဘယ္ေလာက္မ်ားမလဲမွန္းၾကည့္လို႔ရပါတယ္။
၁၉၉၃ မွာေတာ့ စတီဗင္စပီးဘတ္ကပဲ Jurassic Park နဲ႕သူ႕စံခ်ိန္ကိုသူျပန္ခ်ိဳးခဲ့လို႔ပါ။
အဲဒီေနာက္မွာေတာ့ တိုက္တင္းနစ္နဲ႕ အဗာတာတို႔ကျပန္ဦးေဆာင္သြားခဲ့တာပါ။
ဒီ႐ုပ္ရွင္ကို ၁၉၈၂ မွာ သမၼတနဲ႕ သမၼတကေတာ္အတြက္အိမ္ျဖဴေတာ္မွာ သီးသန႔္ျပသေပးခဲ့ရပါေသးတယ္။
ဒီေတာ့ ရခဲ့တဲ့ ဆုေလးေတြကို ၾကည့္ရေအာင္။ေအာ္စကာ ဆုေပးပြဲမွာ ေနာက္ခံဂီတဆု၊Sound Mixing ဆု၊ Visual Effect ဆု၊Sound Editing ဆု ဆိုၿပီး ၄ ဆု ဆြတ္ခူးခဲ့ပါတယ္။
အေကာင္းဆုံး႐ုပ္ရွင္ဆု၊ ဒါရိုက္တာဆု၊တည္းျဖတ္ဆု၊ မူလဇာတ္ၫႊန္းဆု နဲ႕Cinematography ဆုေတြ ဆန္ကာတင္ပါခဲ့ပါတယ္။
******************
ပထမဆုံးအေနနဲ႕ ဇာတ္ၫႊန္းကိုေတာ့ ဒါရိုက္တာက script ေရးသားခဲ့ၿပီးscreenplay အျဖစ္ ျပန္ေရးဖို႔ ဟယ္ရစ္ဆင္ဖို႔ဒ္ရဲ႕ဇနီးျဖစ္လာမယ့္ Melissa Mathison က ကူညီခဲ့ပါတယ္။
ဇာတ္လမ္းတစ္ခုလုံးက ယုတၱိက်က် လုံးဝဆန္းသစ္ၿပီးလူတိုင္းရဲ႕ စိတ္ထဲမွာ စြဲထင္သြားေစခဲ့ပါတယ္။
ေအာ္စကာလည္း ရခဲ့တယ္ေလ။
သ႐ုပ္ေဆာင္အျဖစ္ကေတာ့ အဲလိေယာ့အျဖစ္သ႐ုပ္ေဆာင္ဖို႔လူေတြ႕စစ္ေဆးေ႐ြးခ်ယ္မႈေတြ လုပ္ခဲ့ပါတယ္။
အဲလိေယာ့ကေလးေနရာမွာ သ႐ုပ္ေဆာင္မယ့္ဟင္နရီေသာမက္ေလးဟာ သူ႕ရဲ႕ေခြးေလးေသသြားတဲ့ေန႕ကို ျပန္ေတြးၿပီး ငိုတဲ့အခန္းမွာသ႐ုပ္ေဆာင္ျပလိုက္တာ ဒါရိုက္တာႀကီးကိုယ္တိုင္မ်က္ရည္က်ရၿပီးကို ဇာတ္လိုက္ေနရာကို ရရွိသြားတာပါ။
ဒီ႐ုပ္ရွင္ကို အသက္ႀကီးမွ ျပန္ၾကည့္တဲ့အခါသိပ္ကို ပီျပင္လြန္းတဲ့ ေနရာတစ္ခုရွိပါတယ္။
အဲဒါကေတာ့ အီးတီကို ဆရာဝန္ေတြ အသက္ကယ္ဖို႔အေရးေပၚ ႀကိဳးစားတဲ့အခန္းပါ။
ေဆးေပးတာ၊ စစ္ေဆးတာ၊ အေရးေပၚအသက္ကယ္တာ၊တျဖည္းျဖည္း အေျခအေနဆိုးလာၿပီး ေသၿပီလို႔ထင္သြားရတဲ့အထိ စကားလုံးေတြ လႈပ္ရွားမႈေတြကအရမ္းကို သဘာဝက်ၿပီး ပီျပင္ပါတယ္။
အံ့ၾသလြန္းလို႔ ရွာၾကည့္လိုက္ေတာ့ ဒါရိုက္တာႀကီးကအေရးေပၚခန္းက ဆရာဝန္ေတြ သူနာျပဳေတြကိုေခၚၿပီး တကယ္ အသက္ကယ္ေနသလိုကိုလုပ္ခိုင္းေျပာခိုင္းလိုက္ခဲ့လို႔ပါပဲ။
ဆရာဝန္ေတြ သူတို႔မျမင္ဖူးတဲ့ ၿဂိဳလ္သားတစ္ေကာင္ကိုနည္းအမ်ိဳးမ်ိဳးနဲ႕ အေရးေပၚ ကုတဲ့အခန္းကအရမ္းကို မွန္ကန္တိက်ပါတယ္။
အီးစီဂ်ီဖတ္ၿပီး ကိုယ္ဝန္ရွိတဲ့အကြက္မ်ိဳးေတြ မလာပါဘူး။ေနာက္ၿပီးေတာ့ အထူးျပဳလုပ္ခ်က္အေနနဲ႕အီးတီနဲ႕အတူ စက္ဘီးေလး မိုးေပၚပံ်သြားတဲ့အခန္းကေတာ့႐ုပ္ရွင္ေလာကရဲ႕ မွတ္တိုင္အထိမ္းအမွတ္တစ္ခုလိုေတာင္ျဖစ္လာခဲ့တာပါပဲ။
လူတိုင္းမ်က္စိထဲမွာလည္း အဲဒီအခန္းကိုစြဲေနၾကပါတယ္။
ဒါရိုက္တာရဲ႕ အရည္အခ်င္းပါပဲ။
ရယ္ရတာတစ္ခုကေတာ့ ဒီ႐ုပ္ရွင္မွာအီးတီကို မုန႔္နဲ႕မွ်ားေခၚတဲ့အခန္းအတြက္M&M မုန႔္ေလးေတြကို သုံးဖို႔ကုမၸဏီကို ခြင့္ေတာင္းခဲ့ပါတယ္။
ကုမၸဏီက အီးတီဟာ ႐ုပ္ဆိုးလြန္းလို႔ကေလးေတြ ေၾကာက္လိမ့္မယ္ဆိုၿပီးသုံးခြင့္မေပးခဲ့လို႔ Reese’s တံဆိပ္မုန႔္ေတြကိုပဲသုံးခဲ့ရပါတယ္။
ဒီ႐ုပ္ရွင္ေၾကာင့္ Reese’s မုန႔္ေရာင္းရႏႈန္းကတရွိန္ထိုးကို ေထာင္တက္သြားတာပါပဲ။
Star wars ဖန္ေတြ ျပန္ၾကည့္ရင္အႀကိဳက္ေတြ႕မယ့္ အခ်က္ကေတာ့ အီးတီဟာေဟာလိုးဝင္းမွာ Yoda ဝတ္စုံကို ဝတ္ထားတဲ့ကေလးကို မွတ္မိေနေၾကာင္း ျပသခဲ့တာပါပဲ။
အီးတီဟာ Yoda ကို သိပါတယ္ဗ်ာ။
အီးတီေနရာမွာေတာ့ အရပ္ ၂ ေပေက်ာ္ပဲ ရွိတဲ့လူပုေလး ၂ ေယာက္ကို သ႐ုပ္ေဆာင္ေစခဲ့ၿပီးမီးဖိုေခ်ာင္ခန္းေတြမွာေတာ့ ၁၂ ႏွစ္အ႐ြယ္ေျခေထာက္မရွိဘဲ လက္နဲ႕ပဲလမ္းေလွ်ာက္တတ္တဲ့ ကေလးကသ႐ုပ္ေဆာင္ခဲ့ပါတယ္။
ဒီတာ့ ကြၽန္ေတာ္တို႔ အိုႀကီးအိုမေတြလည္းျပန္ခံစားနိုင္ေအာင္။
ကေလးေတြလည္းၾကည့္ဖူးသြားေအာင္ တင္ေပးလိုက္ပါတယ္။
႐ုပ္ရွင္ကားကို ဘာသာျပန္ၿပီးအၫႊန္းေရးထားတာကေတာ့ Little Neo ျဖစ္ၿပီးThit San Khant မွ Encode ၍ တင္ဆက္ထားပါတယ္








Credit - CM




File size -  2.01GB
ဒီမွာေဒါင္းပါ - https://mm1ink.net/6MrdQR4




File size - 881MB
ဒီမွာေဒါင္းပါ - https://mm1ink.net/dWvbrd







မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs





Adblockျဖစ္ၿပီးေဒါင္းမရျဖစ္ေနသူမ်ားအတြက္
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI