Innocent Witness (2019)


(unicode)
Innocent Witness (2019)
==================
တစ်နှစ်သမီးအရွယ်မှာ တခြားကလေးတွေက
ဖေဖေမေမေ ခေါ်တတ်ရုံရှိသေး၊ ဂျီဝူးကတော့
ဝါကျတစ်ကြောင်းလုံး ပြောနိုင်လောက်အောင်
အတတ်မြန်သူလေးပါ။
ဒါပေမဲ့ ကံမကောင်းစွာပဲ သူကလေးဟာ
အော်တစ်ဇင်ဖြစ်လို့ နေခဲ့ပါတယ်။
ဒါပေမဲ့ ကံကောင်းချင်တော့ ဂျီဝူးဟာ အော်တစ်ဇင်ထဲမှာမှ
ဓာတ်ပုံရိုက်ယူထားသလို ကောင်းမွန်စွဲမြဲတဲ့
မှတ်ဉာဏ် (Photographic memory) နဲ့
နားအလွန်ပါးတဲ့၊ အဝေးကြီးက တီးတိုးသံကိုတောင်
သဲသဲကွဲကွဲ ကြားနိုင်တဲ့ အကြားအာရုံ
(Hyperacute Hearing) ကို
ပိုင်ဆိုင်သူလဲ ဖြစ်နေပြန်ပါတယ်။
ပဟေဠိတွေ၊ စကားထာတွေကိုလဲ
သူက ကျွမ်းကျွမ်းကျင်ကျင်
ဖြေရှင်းနိုင်ပြန်တယ်။
သူ့မှာ အားနည်းတာကတော့
လူတွေနဲ့ ဆက်ဆံတဲ့အခါမှာပါ။
လူကိုကြည့်ပြီး စကားမပြောတတ်သလို
သူ့ကို လာပြောရင်လဲ သူ့စိတ်ထဲက
မရင်းနှီးရင် ပြန်ကိုမပြောတာမျိုးပါ။
အဲဒီလို အနေအထားမျိုးရှိတဲ့ ဂျီဝူးလေးဟာ
အသက်ဆယ့်ငါးနှစ်အရွယ်
ရောက်လာခဲ့တဲ့ တစ်နေ့မှာတော့
သူ့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ဖြစ်ပွားတဲ့
လူသတ်မှုတစ်ခုကို မျက်ဝါးထင်ထင်
ကြုံတွေ့ခဲ့ရပါတော့တယ်။
အဘိုးကြီးကင်ဟာ ဂျီဝူးအိမ်ရဲ့
မျက်နှာချင်းဆိုင်အိမ်မှာ
တစ်ကိုယ်တည်း နေထိုင်သူပါ။
သူ့အိမ်မှာ ဝေယျာဝစ္စလုပ်ပေးဖို့ ခေါ်ထားတဲ့
အမျိုးသမီးတစ်ဦးကလွဲရင်
အတူနေ တခြားအိမ်သား မရှိပါဘူး။
ဇနီးဖြစ်သူဆုံးတာ နှစ်နှစ်ရှိပြီး အထီးကျန်နေတဲ့
အဘိုးကြီးကင်ဟာ
ပလတ်စတစ်အိတ် ခေါင်းမှာစွပ်ပြီး
သူ့ဘာသာ သတ်သေသွားတာဖြစ်ကြောင်း
ထင်မြင်ယူဆစရာတွေ ရှိနေပေမယ့်
မျက်မြင်သက်သေဂျီဝူးရဲ့ အဆိုအရ
အိမ်အကူအမျိုးသမီး
သတ်တယ်လို့ ကောက်ချက်ဆွဲပြီး
ရဲတပ်ဖွဲ့က တရားစွဲဆိုထားပါတယ်။
ဒီအချိန်မှာ ဉာဏ်ရည်ထက်မြက်ပြီး
လျှောက်လဲချက်ပေးရာမှာ
ထူးချွန်တဲ့ ရှေ့နေယန်ဆွန်းဟိုဟာ
သူ အလုပ်ဝင်နေတဲ့ ရှေ့နေလုပ်ငန်းစုဥက္ကဌရဲ့
တာဝန်ပေးချက်အရ
တရားခံဖြစ်တဲ့ အိမ်အကူအမျိုးသမီးဘက်က
လျှောက်လဲချက်ပေးရဖို့ ဖန်လာပါတယ်။
အိမ်အကူနဲ့ တွေ့ကြည့်တဲ့အခါမှာ အဘိုးကြီးကင်
သူ့ဘာသာ သတ်သေနေတုန်း သူမြင်သွားလို့ ဝင်ကယ်ရာမှာ
ဂျီဝူးက အထင်လွဲပြီး
သူသတ်တယ်ရယ်လို့ ပြောတာဖြစ်ကြောင်း
ဖွင့်ဟချက်ကို ရှေ့နေက လက်ခံပြီး ဂျီဝူးဆီက
ထွက်ချက်ရဖို့ ဂျီဝူးနဲ့ ရင်းနှီးမှုရအောင်
သူကြိုးစားပါတော့တယ်။
----------------------------
ပထမဆုံးအနေနဲ့ အော်တစ်ဇင်နေရာက
သရုပ်ဆောင်တဲ့ Kim Hyang-Gi ကို
တကယ်ပဲ ချီးကျူးမိပါတယ်။
Along with the Gods လို
အောင်မြင်တဲ့ ရုပ်ရှင်ကားထဲ က
ချစ်စရာ ကောင်မလေးကို မှတ်မိကြတယ်ဟုတ် ?
ကလေးဘဝကတည်းက ရုပ်သံဇာတ်လမ်းတွဲတွေမှာ
စိုက်လိုက်မတ်တတ် သရုပ်ဆောင်ခဲ့သူမို့ သူ့ရဲ့
သရုပ်ဆောင်ချက်တွေက လုံးဝ ကြောင်မနေခဲ့ဘဲ
ဇာတ်ကောင်စရိုက်နဲ့ အံဝင်ခွင်ကျ ဖြစ်နေခဲ့ပါတယ်။
ကိုရီးယားကရိုက်ကူးတဲ့ ကားဖြစ်တာမို့
ဒရာမာချိုးမယ်ဆိုတာကတော့ ပြောဖို့တောင်
မလိုပေမယ့် ရိုက်ချက်တွေ၊
ဒိုင်ယာလော့တွေ၊ အပြတွေကနေ
လူတွေရဲ့စိတ်နှလုံးကို
ဆွဲယူညှို့ငင်ဖမ်းစားသွားနိုင်တဲ့
ဇာတ်ကားကောင်း တစ်ကားပါ။
ရှေ့နေယန်ဆွန်းဟိုနေရာက သရုပ်ဆောင်တဲ့
Jung Woo-Sung ဟာလဲ ၅၅ ကြိမ်မြောက် Baeksang
အနုပညာဆုပေးပွဲမှာ ဒီဇာတ်ကားနဲ့ အထူးဆုရခဲ့တာမို့
ဒရာမာကားကောင်းကောင်း ကြိုက်တတ်ရင်ဖြင့်
ကြည့်သင့်တဲ့ကားတစ်ကားဖြစ်ကြောင်း ညွှန်းပါရစေ။
#ကျော်စွာ (ဆေးနှစ်)
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့
CM Translator  May Myat Thu ဖြစ်ပြီး
အညွှန်းကိုတော့ ဆရာ ကျော်စွာ (ဆေး ၂) ထံမှ
ကူးယူဖော်ပြပါသည်။


Credit - CM





File size - 930MB
ဒီမှာဒေါင်းပါ - https://mm1ink.net/UF7oVbFd




File size - 398MB
ဒီမှာဒေါင်းပါ - https://mm1ink.net/tsci2MP1







မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs





Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI




(zawgyi)
Innocent Witness (2019)
==================
တစ္ႏွစ္သမီးအ႐ြယ္မွာ တျခားကေလးေတြက
ေဖေဖေမေမ ေခၚတတ္႐ုံရွိေသး၊ ဂ်ီဝူးကေတာ့
ဝါက်တစ္ေၾကာင္းလုံး ေျပာနိုင္ေလာက္ေအာင္
အတတ္ျမန္သူေလးပါ။
ဒါေပမဲ့ ကံမေကာင္းစြာပဲ သူကေလးဟာ
ေအာ္တစ္ဇင္ျဖစ္လို႔ ေနခဲ့ပါတယ္။
ဒါေပမဲ့ ကံေကာင္းခ်င္ေတာ့ ဂ်ီဝူးဟာ ေအာ္တစ္ဇင္ထဲမွာမွ
ဓာတ္ပုံရိုက္ယူထားသလို ေကာင္းမြန္စြဲၿမဲတဲ့
မွတ္ဉာဏ္ (Photographic memory) နဲ႕
နားအလြန္ပါးတဲ့၊ အေဝးႀကီးက တီးတိုးသံကိုေတာင္
သဲသဲကြဲကြဲ ၾကားနိုင္တဲ့ အၾကားအာ႐ုံ
(Hyperacute Hearing) ကို
ပိုင္ဆိုင္သူလဲ ျဖစ္ေနျပန္ပါတယ္။
ပေဟဠိေတြ၊ စကားထာေတြကိုလဲ
သူက ကြၽမ္းကြၽမ္းက်င္က်င္
ေျဖရွင္းနိုင္ျပန္တယ္။
သူ႕မွာ အားနည္းတာကေတာ့
လူေတြနဲ႕ ဆက္ဆံတဲ့အခါမွာပါ။
လူကိုၾကည့္ၿပီး စကားမေျပာတတ္သလို
သူ႕ကို လာေျပာရင္လဲ သူ႕စိတ္ထဲက
မရင္းႏွီးရင္ ျပန္ကိုမေျပာတာမ်ိဳးပါ။
အဲဒီလို အေနအထားမ်ိဳးရွိတဲ့ ဂ်ီဝူးေလးဟာ
အသက္ဆယ့္ငါးႏွစ္အ႐ြယ္
ေရာက္လာခဲ့တဲ့ တစ္ေန႕မွာေတာ့
သူ႕အိမ္နဲ႕ မ်က္ႏွာခ်င္းဆိုင္မွာ ျဖစ္ပြားတဲ့
လူသတ္မႈတစ္ခုကို မ်က္ဝါးထင္ထင္
ႀကဳံေတြ႕ခဲ့ရပါေတာ့တယ္။
အဘိုးႀကီးကင္ဟာ ဂ်ီဝူးအိမ္ရဲ႕
မ်က္ႏွာခ်င္းဆိုင္အိမ္မွာ
တစ္ကိုယ္တည္း ေနထိုင္သူပါ။
သူ႕အိမ္မွာ ေဝယ်ာဝစၥလုပ္ေပးဖို႔ ေခၚထားတဲ့
အမ်ိဳးသမီးတစ္ဦးကလြဲရင္
အတူေန တျခားအိမ္သား မရွိပါဘူး။
ဇနီးျဖစ္သူဆုံးတာ ႏွစ္ႏွစ္ရွိၿပီး အထီးက်န္ေနတဲ့
အဘိုးႀကီးကင္ဟာ
ပလတ္စတစ္အိတ္ ေခါင္းမွာစြပ္ၿပီး
သူ႕ဘာသာ သတ္ေသသြားတာျဖစ္ေၾကာင္း
ထင္ျမင္ယူဆစရာေတြ ရွိေနေပမယ့္
မ်က္ျမင္သက္ေသဂ်ီဝူးရဲ႕ အဆိုအရ
အိမ္အကူအမ်ိဳးသမီး
သတ္တယ္လို႔ ေကာက္ခ်က္ဆြဲၿပီး
ရဲတပ္ဖြဲ႕က တရားစြဲဆိုထားပါတယ္။
ဒီအခ်ိန္မွာ ဉာဏ္ရည္ထက္ျမက္ၿပီး
ေလွ်ာက္လဲခ်က္ေပးရာမွာ
ထူးခြၽန္တဲ့ ေရွ႕ေနယန္ဆြန္းဟိုဟာ
သူ အလုပ္ဝင္ေနတဲ့ ေရွ႕ေနလုပ္ငန္းစုဥကၠဌရဲ႕
တာဝန္ေပးခ်က္အရ
တရားခံျဖစ္တဲ့ အိမ္အကူအမ်ိဳးသမီးဘက္က
ေလွ်ာက္လဲခ်က္ေပးရဖို႔ ဖန္လာပါတယ္။
အိမ္အကူနဲ႕ ေတြ႕ၾကည့္တဲ့အခါမွာ အဘိုးႀကီးကင္
သူ႕ဘာသာ သတ္ေသေနတုန္း သူျမင္သြားလို႔ ဝင္ကယ္ရာမွာ
ဂ်ီဝူးက အထင္လြဲၿပီး
သူသတ္တယ္ရယ္လို႔ ေျပာတာျဖစ္ေၾကာင္း
ဖြင့္ဟခ်က္ကို ေရွ႕ေနက လက္ခံၿပီး ဂ်ီဝူးဆီက
ထြက္ခ်က္ရဖို႔ ဂ်ီဝူးနဲ႕ ရင္းႏွီးမႈရေအာင္
သူႀကိဳးစားပါေတာ့တယ္။
----------------------------
ပထမဆုံးအေနနဲ႕ ေအာ္တစ္ဇင္ေနရာက
သ႐ုပ္ေဆာင္တဲ့ Kim Hyang-Gi ကို
တကယ္ပဲ ခ်ီးက်ဴးမိပါတယ္။
Along with the Gods လို
ေအာင္ျမင္တဲ့ ႐ုပ္ရွင္ကားထဲ က
ခ်စ္စရာ ေကာင္မေလးကို မွတ္မိၾကတယ္ဟုတ္ ?
ကေလးဘဝကတည္းက ႐ုပ္သံဇာတ္လမ္းတြဲေတြမွာ
စိုက္လိုက္မတ္တတ္ သ႐ုပ္ေဆာင္ခဲ့သူမို႔ သူ႕ရဲ႕
သ႐ုပ္ေဆာင္ခ်က္ေတြက လုံးဝ ေၾကာင္မေနခဲ့ဘဲ
ဇာတ္ေကာင္စရိုက္နဲ႕ အံဝင္ခြင္က် ျဖစ္ေနခဲ့ပါတယ္။
ကိုရီးယားကရိုက္ကူးတဲ့ ကားျဖစ္တာမို႔
ဒရာမာခ်ိဳးမယ္ဆိုတာကေတာ့ ေျပာဖို႔ေတာင္
မလိုေပမယ့္ ရိုက္ခ်က္ေတြ၊
ဒိုင္ယာေလာ့ေတြ၊ အျပေတြကေန
လူေတြရဲ႕စိတ္ႏွလုံးကို
ဆြဲယူညွို႔ငင္ဖမ္းစားသြားနိုင္တဲ့
ဇာတ္ကားေကာင္း တစ္ကားပါ။
ေရွ႕ေနယန္ဆြန္းဟိုေနရာက သ႐ုပ္ေဆာင္တဲ့
Jung Woo-Sung ဟာလဲ ၅၅ ႀကိမ္ေျမာက္ Baeksang
အႏုပညာဆုေပးပြဲမွာ ဒီဇာတ္ကားနဲ႕ အထူးဆုရခဲ့တာမို႔
ဒရာမာကားေကာင္းေကာင္း ႀကိဳက္တတ္ရင္ျဖင့္
ၾကည့္သင့္တဲ့ကားတစ္ကားျဖစ္ေၾကာင္း ၫႊန္းပါရေစ။
#ေက်ာ္စြာ (ေဆးႏွစ္)
ဒီ႐ုပ္ရွင္ကားကို ဘာသာျပန္ေပးထားတာကေတာ့
CM Translator  May Myat Thu ျဖစ္ၿပီး
အၫႊန္းကိုေတာ့ ဆရာ ေက်ာ္စြာ (ေဆး ၂) ထံမွ
ကူးယူေဖာ္ျပပါသည္။


Credit - CM





File size - 930MB
ဒီမွာေဒါင္းပါ - https://mm1ink.net/UF7oVbFd




File size - 398MB
ဒီမွာေဒါင္းပါ - https://mm1ink.net/tsci2MP1







မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs





Adblockျဖစ္ၿပီးေဒါင္းမရျဖစ္ေနသူမ်ားအတြက္
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI