Light of My Life (2019)
(unicode)
Light of My Life (2019)
====================
ကမ္ဘာပေါ်မှာမိန်းမဆိုတဲ့လူမျိုးတွေ တဖြည်းဖြည်းပျောက်ကွယ်လာရင်

ယောကျာ်းတွေဘယ်လိုဖြစ်ကျမလဲ…
IMDb 6.6 ရထားတဲ့ဇာတ်ကားကောင်းလေးပါ
အဖေတစ်ယောက်ရဲ့သမီးအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတွေ
ယောကျာ်းတွေရဲ့မိန်းမတစ်ယောက်အပေါ်ထားတဲ့လိုချင်တပ်မက်မှုတွေ,
မိန်းမဆိုတာရှားပါးလာတာကြောင့်ကလေးတစ်ယောက်ကိုတောင်အလွတ်မပေးတဲ့
ယောကျာ်းကြီးတွေ,သမီးကိုဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ်ကာကွယ်ပေးမယ့်
ဖခင်တစ်ယောက်ရဲ့စိတ်ဓါတ်တွေကို ဒရမ်မာဆန်ဆန်နဲ့
အကောင်းဆုံးရိုက်ကူးထားတာပါ
ကမ္ဘာပေါ်မှာမိန်းမဆိုတာတွေမရှိသလောက်ရှားပါးလာတာကြောင့်
လူတိုင်းကမိန်းမဆိုတာနဲ့ဝိုင်းပြီးအမဲဖြန်သလိုဆွဲဖို့စောင့်နေတာကြောင့်
သူ့သမီးကိုယောကျာ်းလေးတစ်ယောက်လိုဝတ်စားစေပြီး
ဘေးကင်းရာကိုထွက်ပြေးဖို့ကြိုးစားနေတဲ့အဖေ
အန္တရာယ်ရှိတဲ့ကူးစက်ရောဂါတစ်မျိုးသူ့သမီးဆီမှာရှိနေပေမယ့်လည်း
သမီးကိုပစ်မထားခဲ့ပဲ အမြဲတမ်းကာကွယ်စောင့်ရှောက်ပေးရင်းနဲ့
တစ်ဖက်မှာလည်းကျန်နေသေးတဲ့မိန်းမတွေစုနေတဲ့နေရာကိုစုံစမ်းပြီး
သမီးကိုကောင်းကောင်းမွန်မွန်အသက်ရှင်စေချင်တဲ့အခါ…
သားအဖနှစ်ယောက်ဘေးအန္တရာယ်တွေကိုဘယ်လိုကျော်လွှားကြမလဲ
သူတို့လိုရာအရပ်ကိုရောရောက်အောင်သွားနိုင်ပါ့မလားဆိုတာတွေကို
စိတ်ဝင်တစားကြည့်ရှူရမယ့်ကားကောင်းလေးပါ
Unicode

Credit - CM
Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
(zawgyi)
Light of My Life (2019)
====================


👇👇👇👇
👇👇👇👇