21 Bridges 2019
(unicode)
21 Bridges 2019
21 Bridges 2019
ကဲ ဒီတခါ action ကားခပ်ကြမ်းကြမ်းတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ gc ပရိတ်သတ်တွေအတွက် 2019မှာ ရုံတင်ပြသထားပြီး အခုမှ လောလောလတ်လတ် ထွက်လာတဲ့ 21 bridges ဆိုတဲ့ action ကားလေးနဲ့ မိတ်ဆက်ပေးပါ့မယ်
မင်မင်က 21 bridges ကားကို စကြည့်တော့ ကားနာမည်ကို ဘာလို့ ဒီနာမည်ပေးတာလဲကို အတော်ကိုတွေးလိုက်ရပါတယ် ဇာတ်ကားနဲ့ နာမည်နဲ့ရော သက်ဆိုင်မှု ရှိရောရှိရဲ့လားလို့ ဇာတ်ကားကြည့်တဲ့ နာရီဝက်လောက်မှာ တော်တော်လေးကို ထိုင်စဉ်းစားရလိုက်ပါတယ်
Andre Davis ဆိုတဲ့သူဟာ စုံထောက်တယောက်ပါ သူ့ရဲ့အဖေကလည်း စုံထောက်တယောက်အဖြစ် တာဝန်ထမ်းဆောင်ရင်း အသက်ကို တိုင်းပြည်အတွက် စွန့်လွှတ်သွားတဲ့ အရမ်းကိုတော်တဲ့ စုံထေါက်တယောက်ပါ
သူ့အဖေရဲ့ ခြေရာကို လိုက်မီနိုင်တဲ့ Andre Davis တယောက်ဟာ တနေ့မှာ Micheal နဲ့ Ray ဆိုတဲ့ စစ်တပ်ထွက်နှစ်ယောက်ရဲ့ ဘိန်းဖြူဖောက်ထွင်းမှုကို စုံစမ်းစစ်ဆေးဖို့ တာဝန်ကျပါတယ် Micheal နဲ့ Ray ဟာ ဘိန်းဖြူ 300 တန်လောက်ကို မှောင်ခိုကူးဖို့ ကြိုးစားတာကို Andre တယောက် အချိန်မှီ ဖော်ထုတ်ထားဆီးနိုင်ပါ့မလား
အဲ့ဘိန်းဖြူမှောင်ခိုလုပ်ငန်းမှာ မထင်မှတ်ထားတဲ့သူတွေကရော ဘယ်လိုတွေ ပါဝင်ပက်သက်နေမှာလဲ တကယ့်အမှန်တရား အစစ်အမှန်ကိုရော အချိန်မီဖော်ထုတ်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ကောင်းစွာဖြင့် ကြည့်ရှုခံစားရမှာပါ
Actionကားတွေ မကြိုက်တဲ့ မင်မင်တောင် ဒီကားကြည့်မိတာ ဘယ်လိုတောင် ပြီးသွားမှန်းမသိလိုက်ဘူး ခေါင်းစဉ်နဲ့ plotနဲ့ကလည်း ကိုက်ညီမှုရှိပါသလားကို ကိုယ့်ဘာသာ အဖြေရှာလိုက်ပါတော့
Quality-Webdl
Genre-Action, Crime, Drama
Size-250/700mb
Imdb-6.6 by 10
Genre-Action, Crime, Drama
Size-250/700mb
Imdb-6.6 by 10
Credit - GC
(zawgyi)
21 Bridges 2019
21 Bridges 2019
Quality-Webdl
Size-250/700mb
Imdb-6.6 by 10
Size-250/700mb
Imdb-6.6 by 10
Credit - GC
